မန်ယူပရိသတ်တွေကို ‘ယုံကြည်မှု’ ထားဖို့ ပြောဆိုလာတဲ့ ကာဗာနီ

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဆိုးရွား တဲ့ ပုံစံ မှာ ရှိနေ ပေမယ့် အီဒင်ဆင် ကာဗာနီ က ပရိသတ်တွေ ကို ယုံကြည်မှု ထားရှိ စေချင် ပါတယ် ။

သူရဲနီတွေအတွက် ဒီရာသီတွင် ဆိုးရွားစွာ စတင်ပြီး ခြေစွမ်းမပြနိုင်ခဲ့ပြီးနောက် မန်ယူပရိသတ်များအား “မိမိတို့အသင်းအပေါ် ယုံကြည်မှုရှိ” ရန် အီဒင်ဆန် ကာဗာနီက တိုက်တွန်းခဲ့သည်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်းနောက် ကိုးမှတ်အကွာမှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။

ဆိုးလ်ရှား၏ အသင်းသားများသည် စနေနေ့တွင် ဝက်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး လမ်းကြောင်းမှန်ပေါ်  ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်ကာ ကာဗာနီသည် ပရိသတ်များ အလွန်စိတ်မကျေမနပ် မဖြစ်စေရန်ဟု မျှော်လင့်နေသည်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်မဂ္ဂဇင်း၌ ပြောကြားရာမှာ ဥရုဂွေးတိုက်စစ်မှူးက “ပရိသတ်တွေကို အသိပေးချင်တာကတော့ သူတို့အသင်းအပေါ် ယုံကြည်မှုရှိဖို့နဲ့ သူတို့ရဲ့ကစားသမားတွေကို ယုံကြည်မှုရှိဖို့ပါပဲ၊ သံသယကင်းကင်းနဲ့ ကောင်းကောင်းစွမ်းဆောင်နိုင်ဖို့ ကြိုးစားသွားမှာပါ ။ ဆက်လက်ပြီး ကြီးထွားတိုးတက်နေတာကြောင့် သူတို့ပြသခဲ့တဲ့ ယုံကြည်ချက်ကြောင့် ရလဒ်ကောင်းတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ အနိုင်ရရှိခြင်းဖြင့် ပြန်လည်ပေးဆပ်နိုင်မှာပါ။”

ကာဗာနီသည် 2020 ခုနှစ် အောက်တိုဘာလတွင် Paris-Saint Germain မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီးနောက် ယူနိုက်တက်တွင် ၎င်း၏ 47 ပွဲကစားကာ 18 ဂိုးနှင့် 6 ဂိုးဖန်တီးထားသည်။

အသက် 34 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ သူ့ရဲ့ယုံကြည်ချက်နဲ့ သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ယုံကြည်ခြင်းရဲ့ အရေးကြီးကြောင်းကို  ပြောကြားခဲ့ပါတယ်။

“ယုံကြည်ခြင်းအကြောင်း ပြောတဲ့အခါ ဘာသာရေးကို တိုက်ရိုက်ပြောဖို့ မလိုဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။ “ယုံကြည်ခြင်းကို တစ်စုံတစ်ယောက်က ဖော်ပြသောအခါ ၎င်းကို ဘဝ၏ အခြားကဏ္ဍများစွာတွင်၊ ဘဝ၏ အခြားရှုထောင့်များစွာတွင် အသုံးချနိုင်မည်ဟု ယုံကြည်ပါသည်။

“ယုံကြည်ခြင်းဆိုတာ လူသားအားလုံးအတွက် အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်ရမယ့် ကိစ္စတော်တော်များများမှာ ယုံကြည်မှုရှိဖို့လိုတယ်။ မိသားစုအပေါ် ယုံကြည်မှုရှိဖို့၊ သူငယ်ချင်းကို ယုံကြည်မှုရှိရမယ်။ မင်းရဲ့ဘဝလက်တွဲဖော်ကို ယုံကြည်မှုရှိရမယ်။ ဇနီး၊ မင်းရဲ့ရည်းစား။ မင်းရဲ့အသင်းဖော်တွေကို ယုံကြည်မှုရှိပါ။ ဒါမှမဟုတ် မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ယုံကြည်မှုရှိပါ။”လို့ ‌ပြောဆိုခဲ့သည်။

cavani

ဒင်းစမစ် ကို နည်းပြချုပ်သစ် အဖြစ် ခန့်အပ်လိုက်တဲ့ နောဝှစ်ချ် အသင်း

အက်စတွန်ဗီလာနည်းပြဟောင်း ဒင်းစမစ်သည်
ပရီးမီးယားလိဂ်အောက်ဆုံးမှ နောဝှစ်ချ်အသင်းရဲ့
ဒန်နီရယ်ဖာကီ၏နေရာတွင် အစားထိုးခန့်အပ်ရန် နောဝှစ်ချ်စီးတီး အသင်း သို့ ရောက်ရှိခဲ့ပြီဘဲ
ဖြစ်ပါတယ်။

နောဝစ်ခ်ျစီးတီးသည် ဒင်းစမစ်ကို ၎င်းတို့၏ နည်းပြသစ်အဖြစ် နှစ်နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်လိုက်သည်။ မကြာသေးမီက Brentford တွင် 2-1 ဖြင့်အနိုင်ရရှိပြီးနောက် ထုတ်ပယ်ခံခဲ့ရပြီး
Daniel Farke နေရာတွင်အစားထိုးခန့်အပ်ခဲ့တာဖြစ်
သည်။

“ခုနစ်ရက်တာ . .လေပွေမုန်တိုင်း
တခု ဖြစ်လာခဲ့ပေမယ့်၊ပရီးမီးယားလိဂ်မှာ နောဝှစ် စီးတီး အသင်းအတွက် ပြန်ပြီး အလုပ်လုပ်ရတာကို ကျွန်တော်တကယ်ကို ကျေနပ်မိပါတယ်” လို့ စမစ် က ပြောကြားခဲ့ပါတယ်။

“လေးနှစ်ခွဲတာ နောက်ဆုံး ပြီးဆုံးပြီးနောက်
ဒီဘောလုံးအသင်းမှာ အံ့ဩစရာကောင်းတဲ့ အလုပ်တချို့ ရှိလာခဲ့ပြီဘဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်လက် ကျန်ရှိနေဖို့၊တိုးတက်အောင် လုပ်ဆောင်ဖို့ စတဲ့ ရည်မှန်းချက်များအကောင်အထည် ဖော်ရန် အတွက် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။”

“နောဝှစ် စီးတီး သည် အသင်းကြီးတစ်သင်းဖြစ်ပြီး အသင်းနှင့် ၎င်း၏အသိုင်းအဝိုင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ကို အပြည့်အဝနားလည်သဘောပေါက်သော အားပေးသူအမြောက်အမြားရှိပါတယ်။

“နော်ဝှစ်ခ်ျကို ဥရောပမှာ ယှဉ်ပြိုင်နေတဲ့ ခေတ်မှာ ကျွန်တော် ကြီးပြင်းလာခဲ့တာပါ၊ အဲဒီ အချိန်တွေကို ကောင်းကောင်း မှတ်မိပြီး Carrow Road နဲ့ Norwich ကို သွားလည်တဲ့အခါတိုင်း ပရိသတ်တွေ၊ ဝန်ထမ်းနဲ့ ကစားသမားတွေကြားက ဆက်စပ်မှုကို သင်တကယ် ခံစားသိရှိနိုင်မှာပါ။

“အတူတူ၊ ကျွန်တော်တို့အားလုံး Carrow Road ကို လာရောက်လည်ပတ်တဲ့ အသင်းတွေအတွက် တကယ်ကို ခက်ခဲတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ရပါမယ်”လို့ ပြောကြားခဲ့သည်။

Dean Smith

နည်းပြဆိုးရှားနေရာ အစားထိုးရန် မန်ယူ အသင်း ၏ စောင့်ကြည့် စာရင်းတွင် လက်စတာနည်းပြ ရော်ဂျာ ပါဝင်လာ

ဘရန်ဒန် ရော့ဂျာသည် မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ရန် နံပါတ် ၁ ကိုယ်စားလှယ်လောင်း အဖြစ် ခန့်အပ်ခံရကြောင်း The Sun ၏ ဖော်ပြချက်အရ သိရသည်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ မန်နေဂျာ Ole Gunnar Solskjaer ကို အစားထိုးဖို့ အစီအစဉ်မရှိပါဘူး။

နည်းပြ ဆိုးရှား သည် နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များ အတွင်း ထုတ်ပယ်ခံရမည်ကို ကလပ်အသင်းထံမှ အရိပ်အယောင်ပြသထားခြင်း မရှိသည့်အပြင် ဝက်ဖို့ဒ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် နည်းပြအဖြစ် တာဝန်ယူသွားဖွယ်ရှိသည်။

ဒါပေမယ့် ယူနိုက်တက် ကစားသမား အတော်များများ ဟာ  ပြိုင်ဘက် လီဗာပူး နဲ့ မန်ချက်စတာ စီးတီး ကို အိမ်ကွင်း မှာ ဆက်တိုက် ရှုံးနိမ့် ခဲ့ အပြီး မှာ ဆိုးလ်ရှား ဟာ အိုးထရက်ဖို့ဒ် မှာ ဆက်ရှိသင့် မရှိသင့်နဲ့ ပက်သက်ပြီး ပြောဆို နေကြသည်ဟု သိရသည် ။

ဇန်န၀ါရီလ အပြောင်းအရွေ့ စျေးကွက်တွင် ဘာစီလိုနာမှ အငှားခေါ်ယူမှုကို ထည့်သွင်းစဉ်းစားလာမည့် စတာလင်း

မကြာသေးမီက အင်တာဗျူးတစ်ခုတွင်

အသက် 26 နှစ်အရွယ်ရှိပြီဖြစ်သော စတာလင်နဲ့ ပက်သက်ပြီး

ဂွာဒီယိုလာကို  နူးကမ့်သို့ပြောင်းရွေ့ သွားမည့် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

“ဘာစီလိုနာက ကျွန်တော်တို့ရဲ့ ကစားသမားတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ သူတို့ခေါ်ယူနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာစီလိုနာအသင်း ဟာ ဆွဲဆောင်မှု ရှိသည်ဆိုတာထက် ပို၍ဆွဲဆောင်မှုရှိတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်” ဟု ပြောကြားခဲ့သည်။ “မြို့၊ ကလပ်၊ သမိုင်းကြောင်းနဲ့  နည်းပြသူတွေအတွက်၊ ကစားသမားတွေအတွက် အမြဲတမ်း စွဲဆောင်မှုတွေ အများကြီးရှိနေလို့ပါ။”

စတာလင်သည် မန်စီးတီးအတွက် ယခုအချိန်အထိ ပရီးမီးယားလိဂ် ကိုးပွဲ ကစားထားသော်လည်း အဆိုပါပွဲများအနက် 3 ပွဲသာ စတင်ကစားခဲ့သည်။

ဇန်န၀ါရီလတွင် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကိစ္စ ပျက်ကွက်ခဲ့ပါက စတာလင်သည် ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းရွှေ့ရန် စဉ်းစားမည်ဟု The Times က ဖော်ပြခဲ့သည်။

ယခုလတွင် နည်းပြအဖြစ် Ronald Koeman နေရာတွင် အစားထိုးခဲ့သော Xavi Hernandez သည် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူလိုနေပြီး အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် ၎င်းတို့ပစ်မှတ်ထားမည့် သုံးဦးအနက်မှ စတာလင် လည်း တစ်ဉီး ပါဝင်နေသည်။

စတာလင်သည် 2015 ခုနှစ်တွင် လီဗာပူးမှ ပေါင် 49 သန်းဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး

စတာလင်သည် ၎င်း၏ စာချုပ်သက်တမ်း 18 လ ကျန်သေးပြီး စာချုပ်သစ်အတွက် ညှိနှိုင်းမှုများမှာ ရပ်တန့်သွားပြီဟု နားလည်ထားသည်။

စတာလင်

ချဲလ်ဆီးကို မပြောင်းရွေ့ခင်က မန်စီးတီးကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာလို့ ဝန်ခံလာခဲ့တဲ့ ဂျော်ဂျင်ဟို

ချဲလ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ခြင်းမရှိကြောင်းနဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိကြောင်း ဝန်ခံခဲ့ပါတယ်။

2018 ခုနှစ်တုန်းက စီးတီးဟာ Jorginho နဲ့ ဆွေးနွေးမှုတွေ နက်နက်ရှိုင်းရှိုင်းရှိခဲ့ပြီး အီတလီသားကို ခေါ်ယူဖို့ မျှော်လင့်ခဲ့ကြပြီး ချဲလ်ဆီးအသင်းက အပြိုင် ရယူခဲ့ကာ နာပိုလီကမန်နေဂျာ Maurizio Sarri နဲ့အတူ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

L’Equipe နဲ့ စကားပြောဆိုရာမှာ ကွင်းလယ်ကစားသမား ဆာရီနဲ့ ပြန်လည်ပေါင်းစည်းခြင်းက သူ့ကို ပထမနေရာက ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လုနီးပါးဖြစ်သွားတာလို့ ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ သူ ရှိနေခဲ့စဉ်က ကျွန်တော့်ကို အလိုရှိတုန်းက ကျွန်တော်တကယ် မသွားချင်ခဲ့တာပါ” အခု”ကျွန်တော် Sarri နဲ့ သုံးနှစ်ကြာလက်တွဲခဲ့ပြီးဖြစ်တယ်လို့ ဟု ပြောကြားခဲ့သည်။ “ကျွန်တော် မန်ချက်စတာစီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဲဒီ့မှာ အခြေချမိမယ်လို့  မြင်ခဲ့မိတယ်။

“ဒါပေမယ့် ချဲလ်ဆီးအသင်းက အလေးအနက် တွန်းအားပေးခဲ့ပါတယ်။ ယနေ့ ဒီအချိန်မှာ အရမ်းကိုပျော်ပါတယ်။ အထူးသဖြင့် မယုံနိုင်လောက်စရာ 2021 ခုနှစ်နောက်ပိုင်းမှာပေါ့ အဲဒါက လုံးဝကို အံ့မခန်းပါပဲ။ ကျွန်တော့်အတွက် ဖြစ်ပျက်လာခဲ့တဲ့ အကြောင်းအရာတွေက အရမ်းကိုကြီးမားခဲ့တာကြောင့် မယုံနိုင်လောက်အောင် အံ့ဩစရာပါပဲ။ တဂယ့်ကို အိပ်မက်ဆန် ခဲ့ပါတယ်”

ဂျော်ဂျင်ဟိုသည် 2021 Ballon d’Or ဆုဖလားအတွက် အရွေးချယ်ခံရရန် မျှော်လင့်ထားသော်လည်း လူအများစုက အီတလီသား၏ ခြေစွမ်းအပေါ် ချီးကျူးမှု ခံရခြင်းနဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခဲ့ကြသည်။ အချို့သော ဝေဖန်သူများက ဂျော်ဂျင်ဟိုသည် ကစားပွဲများတွင် လုံလောက်စွာ ခြေစွမ်း ပြသနိုင်ခြင်း မရှိ‌ကြောင်း ဟု စွပ်စွဲထားသော်လည်း ကွင်းလယ်ကစားသမားသည် ၎င်း၏ အကောင်းဆုံးလုပ်ဆောင်မှုများကို သံသယမရှိကြောင်း ယုံကြည်နေသည်။

“လူတွေက ငါ့ကို သိပ်ပြီး မမြင်ကြတာ အမှန်ပဲ” ဟု ၎င်းက ဆက်ပြောသည်။ “ကျွန်တော် အရိပ်ထဲမှာပဲနေပါ။ မိနစ် 90 လုံး ပတ်ပြေးနေတဲ့ N’Golo [Kante] နဲ့ မတူပါဘူး။ တစ်ပွဲမှာ ဘောလုံး အကြိမ်ရေ 300 ‌လောက်ရယူနိုင်တဲ့ N’Golo [Kante] နဲ့ မတူပါဘူး။ ပြီးတော့ . . .ကစားသမားနှစ်ယောက်ကို လိမ်ခေါက်ပြီး ဖြတ်ကျော်တဲ့ [Mateo] Kovacic နဲ့ မတူပါဘူး။ ဆက်လက်ပြီး

“ကျနော့်ပုံစံ က ဘောလုံးကို ဘယ်လို ကြားဖြတ် ယူ ရမယ်ဆိုတာ၊ ခံစစ်ကို ဖောက်ထွက်ဖို့၊ ဘယ်ဧရိယာမှာ ဘောလုံးတွေကို ဘယ်လို  ကြားဖြတ်ယူရမယ်ဆိုတာ နဲ့ ပွဲတပွဲ ကို အခြေခံ ကစားလေ့ရှိ ပြီး၊ ကျွန်တော့်ရဲ့အသင်းဖော်တွေရဲ့ လှုပ်ရှားမှုတွေကနေတစ်ဆင့်  အကောင်းဆုံး အခွင့်အရေး တွေ

တစ်ခု ပြီး တစ်ခု ဖန်တီးပေးတာပါ… အဲ့ဒါတွေအားလုံးက သိမ်မွေ့ညင်သာလွန်းပါတယ်။ တခြားသူတွေထက် ငါ့အပေါ်  ရှုမြင်နိုင်မှု နည်းပါးမှုကို ကျွန်တော် လုံးဝနားလည်ပါတယ်။” ဟု ပြောဆိုလာခဲ့သည်။

Chelsea Midfielder Jorginho

စပါးအသင်းသို့ ပြောင်း‌ရွေ့သွားမှာလား ဆိုတာနဲ့ ပက်သက်ပြီး မေးမြန်းမှုအပေါ်

ထုတ်ဖေါ်ပြောဆိုလာတဲ့ အူဘာမီးယန်း

Sky Sports ရဲ့ ပရိတ်သတ် အမေးအဖြေ အစီအစဉ်မှာ စပါးစ်အသင်းသို့ ပြောင်းရွေ့သွားမလား ကစားသမားဘဝမှ အနားယူသွားမလား “ဆိုတာနဲ့ ပက်သက်ပြီး မေးမြန်းမှု အပေါ် အူဘာမီယန်းကို စိတ်ရှုပ်ထွေးစေခဲ့သည်။

ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ၅၆ သန်း ဖြင့် ၂၀၁၈ ဇန်နဝါရီ လတွင် ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွေ့လာသည့် ဂါဘွန် နိုင်ငံသား ကစားသမား တဉီး လည်း ဖြစ်ပြီး အာဆင်နယ်အသင်းမှ မခေါ်ယူမီ စပါးစ်အသင်းသို့ ပြောင်း‌ရွေ့ရန်  နီးစပ်မှုများ ရှိခဲ့သည်။

ထို့သို့ စပါးစ်အသင်း သို့ ပြောင်းရွေ့သွားမလား သို့တည်းမဟုတ် ကစားဘဝမှ အနားယူသွားမလား လို့ မေးမြန်းမှုအပေါ် ကစားသမား အူဘာမီယန်း မှ “မင်းသိနေနှင့်ပြီးသားလေ၊ ဒီမေးခွန်းကို မင်း မေးစရာ မလိုအပ်ဘူး၊ငါ . . ကစားသမားဘဝမှ အနားယူ မှာပေါ့”လို့ ပြောခဲ့သည်။

” လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါကို တော့တင်ဟမ်ဟော့စပါးစ်အသင်းက ခေါ်ယူဖို့ နီးစပ်ခဲ့တယ်။ နောက်ဆုံးတော့ သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာ ငါမသိဘူး၊ ဒါကို မင်းသိလား

အဲ့ဒါကြောင့် ကစားသမားဘဝက အနားယူမယ်လို့ ပြောတာ။”

အူဘာက ဆက်ပြော – “Saint-Etienne မှာတုန်းကလို့ ထင်တယ်၊ ဒါမှမဟုတ် Dortmund မှာရှိတုန်းကလားဆိုတာတော့ အတိအကျတော့မမှတ်မိတော့ဘူး။ လန်ဒန်ကိုရောက်လာပြီး၊ White Hart Lane အားကစားကွင်းကိုသွားခဲ့တယ်။ နောက်နေ့ကျတော့ သူတို့ဆီက ဘာ အဖြေမှ မသိရသလို ၊ နောက်ထပ် လည်း ဆက်သွယ်မှုတွေ မရှိတော့ဘူး”လို့ ဆိုသည်။

အဲ့လို ငြင်းပယ်မှု ဖြစ်ရပ်တွေ ရှိခဲ့သည့် အတွက် ကစားသမား အူဘာမီယန်းသည် စပါးစ် အသင်းနဲ့ တွေ့ဆုံတိုင်း ဂိုးသွင်းယူလေ့ရှိပြီး စုစုပေါင်း ၈ ဂိုး အထိ အပါအဝင် အာဆင်နယ်အသင်းနှင့် ၄ ဂိုး သွင်းယူထားခဲ့သည်။

အသက် ၃၂ နှစ် အရွယ် ကစားသမား အူဘာမီယန်း သည် ဒီရာသီ မှာ . . နည်းပြ အာတီတာ လက်အောက် မှာ အကောာင်းဆုံး ပုံစံ ပြန်လည် ရရှိဖို့ ကြိုးစားနေပြီး  ပြီးခဲ့သည့် ပရီးမီးယားလိဒ် ၈ ပွဲ မှာ. .၄ ဂိုး သွင်းယူထားပြီး ခါရာဘောင်း ဖလား ဝက်စ်ဘရွန်း နဲ့ ပွဲစဉ် ၌ ၃ ဂိုး သွင်း ယူ စွမ်းဆောင်ထားနိူင်ခဲ့သည်။

Aubameyang

တလတာ အကောင်းဆုံး သွင်းဂိုးဆုကိုလီဗာပူးအသင်း ကစားသမားဆာလတ် ရရှိ

လီဗာပူးအသင်း ကစားသမား မိုဟာမက် ဆာလတ်
အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ လ သည် အရာရာအားလုံး ချိုမြိန် စေခဲ့ပါတယ်။

တလတာ အကောင်းဆုံးကစားသမားဆု လည်း ရရှိခဲ့သလို တလတာ အကောင်းဆုံး သွင်းဂိုး ဆု ပါ ထပ်မံရရှိခဲ့ပါသည်။

အဆိုပါ အကောင်းဆုံး သွင်းဂိုး ရရှိခဲ့သော သွင်းဂိုးသည် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌
မန်စီးတီး နောက်တန်း ကစားသမား ၃ ယောက်ကို တကိုယ်တော် ခြေစွမ်းပြ ကျော်ဖြတ်ကာ သွင်းယူခဲ့သည့် ဂိုးမှ ရရှိခဲ့ခြင်း ဖြစ်သည်။

Mohammad Salah

October တလတာအကောင်းဆုံးနည်းပြဆု ရရှိခဲ့တဲ့ တူချယ်

၂၀၂၁ အောက်တိုဘာ တလတာအကောင်းဆုံး နည်းပြဆု ကို ချဲလ်ဆီးအသင်းမှ နည်းပြ တူချယ် ရရှိခဲ့သည်။

ချဲလ်ဆီးအသင်း ခေါင်းကိုင် နည်းပြ အနေနဲ့ နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာ တလအတွင်း ပြိုင်ပွဲ ၄ ပွဲ စလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး Clean Sheet သုံးကြိမ် ရယူထားနိုင်ခဲ့ပြီး က‌လော့၊ဒေးဗစ် မို ရက်စ် နဲ့ ဗီရားရာ တို့ကို ကျော်ဖြတ်ကာ ချဲလ်ဆီးအသင်းမှ နည်းပြ တူချယ် မှ ဗိုလ်စွဲ ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ဘာကလေ တလတာ အကောင်းဆုံး ရရှိထားတဲ့ နည်းပြ များကတော့

သြဂတ်လ – နူနို အက်စပတ်တို ဆန်တို (စပါးစ်)

စက်တင်ဘာလ-မီကယ် အာတီတာ (အာဆင်နယ်)

အောက်တိုဘာလ- သောမတ်စ် တူချယ် (ချဲလ်ဆီး)

October တလတာအကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဆာလတ်

၂၀၂၁ အောက်တိုဘာလအတွက် တလတာအကောင်းဆုံးကစားသမားအဖြစ် မိုဟာမက် ဆာလတ် မှ ဆွတ်ခူးရရှိခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလမှာတုန်းက လီဗာပူးအသင်း အတွက် ၅ ဂိုး သွင်းယူခဲ့ပြီး၊ဂိုးရရှိမည့် အခွင့်အရေး ၄ကြိမ်တိုင်တိုင် ဖန်တီးပေးခဲ့သည်၊

ကစားသမား မိုဟာမက် ဆာလတ် သည် ၂၀၁၈ မတ်လကတည်းက တလတာ အကောင်းဆုံး ဆု ကို ၄ ကြိမ် တိုင်တိုင် ဆွတ်ခူးရရှိခဲ့ပါသည်။

ဘန်ချီဝဲလ်၊ကော်နက်၊ဖီး ဖိုဒန်၊တီနို လီဗာရာမန်တို၊အေရွန် ရမ်စ်ဒဲလ်၊ဒတ်ကလန် ရိုက် နဲ့ တိုင်လီမန်းစ် အစရှိသည့် ကစားသမားများကို ကျော်ဖြတ်ကာ ကစားသမား ဆာလတ် မှ ဗိုလ် စွဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ပွဲစဉ် ၄ ပွဲစလုံး၌ တဂိုး စီ သွင်း ယူထားခဲ့သော ကစားသမားတဉီးလည်း ဖြစ်သည်။

မိုဟာမက် ဆာလတ်

အက်စတွန်ဗီလာနည်းပြသစ်အဖြစ် စတီဗင်ဂျရတ်အား အတည်ပြုကြေငြာ

ယခုလအစောပိုင်းမှာ ဒင်းစမစ်  ထွက်ခွာသွားပြီးနောက် အက်စတွန်ဗီလာနည်းပြသစ်အဖြစ် စတီဗင်ဂျရတ်ကို အတည်ပြုလိုက်ပြီဖြစ်သည်။

Smith သည် ပရီးမီးယားလိဂ်တွင် (၅)ပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့ခဲ့ပြီး နောက်ဆုံးတွင် သူ့အား နည်းပြအဖြစ်မှ ထုတ်ပယ်ကာ ဂျရတ်ကို အစားထိုး အမြန်ခန့်အပ်ခဲ့ပြီး ဗီလာအသင်း၏ တရားဝင် ဝက်ဘ်ဆိုက်မှ အတည်ပြုကြေငြာသွားခဲ့သည်။

“အက်စတွန်ဗီလာအသင်းသည် အင်္ဂလိပ်ဘောလုံးလောကရဲ့ ကြွယ်ဝတဲ့သမိုင်းကြောင်းနဲ့ အစဉ်အလာရှိတဲ့ ကလပ်အသင်းတအသင်းဖြစ်ပြီး အခုလို နည်းပြသစ်ဖြစ်လာရခြင်းအတွက် အလွန်ဂုဏ်ယူမိပါတယ်” ဟု ဂျရတ်က ပြောကြားခဲ့သည်။

“Nassef၊ Wes နဲ့ ကျန်တဲ့ဘုတ်အဖွဲ့တွေနဲ့ စကားပြောဆိုရာမှာ ကလပ်အသင်းအတွက် သူတို့ရဲ့ မျှော်မှန်းချက်တွေ ဘယ်လောက် ရည်မှန်းချက်ကြီးတယ်ဆိုတာ သိသာထင်ရှားပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကူညီပေးဖို့ မျှော်လင့်နေပါတယ်။

“ဒီလို အထင်ကရ ဘောလုံးကလပ်တစ်ခုကို စီမံခန့်ခွဲခွင့် ပေးခဲ့တဲ့ Glasgow Rangers နဲ့ ဆက်စပ်သူတိုင်းကို ကျေးဇူးတင်ကြောင်း ‌ ပြောချင်ပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကို အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

စတီဗင် ဂျရတ်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာ ရောက်ရှိနေတဲ့ ဗီလာအသင်းနှင့်အတူ ၎င်း၏ ပထမဆုံးကိုင်တွယ်ရမည့် ပွဲစဉ်မှာ နိုဝင်ဘာ ၂၀ ရက်တွင် ဘရိုက်တန်နှင့် ဆုံတွေ့ရမည်ဖြစ်ပြီး  ရှုံးပွဲမရှိ ရလဒ်မျိုးဖြင့် အဆုံးသတ်နိုင်ရန် မျှော်လင့်မိပါသည်။