ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ.. မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ၅ ဂိုးပြတ်ဖြင့် မန်ယူအသင်း ရှုံးနိမ့်သွားခဲ့သည်။ အဆိုပါ ရှုံးနိမ့်မှုကြောင့် နည်းပြ ဆိုးရှား သည် ဖိအားများစွာ ရှိနေခဲ့ပြီး ပရိတ်သတ်များရဲ့ ဝေဖန်ခံရမှု ကြုံတွေ့နေခဲ့ရသည်။
အိုးထရက်စ်ဖို့ အိမ်ကွင်း လည်း ဖြစ်သလို အခုလို ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် မန်ယူအသင်း နည်းပြ အနေနဲ့ တဂယ့်ကို အမှောင်မိုက်ဆုံး နေ့ရက် ဖြစ်ခဲ့ရပြီး နောက်ပွဲစဉ် တွေမှာ သတိထားကိုင်တွယ်သွားရတော့မှာဘဲ ဖြစ်ပါတယ်။
လာမယ့် ယှဉ်ပြိုင်ကစားရမည့် နောက် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကတော့ စပါးစ်အသင်းနဲ့ မန်စီးတီး အသင်းတို့ ဖြစ်ကြပြီး ချန်ပီယံလိဒ် ပွဲစဉ်အနေဖြင့် အတ္တန္တာ အသင်း နဲ့ ယှဉ်ပြိုင်ကစားရမှာဘဲ ဖြစ်ပါတယ်။မန်ယူအသင်းအတွက် ပွဲကျပ်ကာလဖြစ်သလို နည်းပြဆိုးရှားအတွက် ခက်ခဲတဲ့ ပုစ္ဆာ တစ်ပုဒ် လည်း ဖြစ်စေခဲ့ပါတယ်။
ဝေဖန် ခံရမှုစွာ နဲ့ နည်းပြ ရာထူး ထိုင်ခုံ ဆက်လက်တည်မြဲ ဖို့ အတွက် အကောင်းဆုံး ကိုင်တွယ်ဖို့ လိုအပ်လာပြီဘဲ ဖြစ်ပါတယ်။ဒါကြောင့် ရလဒ်ဆိုးတွေ အဆုံးသတ်သွားနိူင်မလား အမှောင်မိုက်ဆုံးနေ့ရက် တဂယ်ဖြစ်လာတော့မှာလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့် ရမှာဘဲ ဖြစ်ပါတယ်။
