နောဝှစ် – လိဒ်
ချဲလ်ဆီး အသင်းကို ၇ ဂိုးပြတ် ဖြင့် ရှုံးနိမ့် ခဲ့သည့် နောဝှစ်အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ၌ လိဒ် ယူနိုက်တတ် အသင်းကို အိမ်ကွင်း မှာ .. လက်ခံ ယှဉ်ပြိုင်ကစားရမှာ ဘဲ ဖြစ်ပါတယ်။နောဝှစ်အသင်း အနေနဲ့ ရမှတ် ၂ မှတ် သာ ရရှိ ထားပြီး အမှတ်ပေးဇယားရပ်တည်မှု မှာ လည်း နောက်ဆုံး အဆင့် မှာ ရပ်တည် နေ လျက် ရှိ နေပါတယ်။
အိမ် ကွင်း ပွဲ စဉ် ဖြစ်တာကြောင့် နောဝှစ် အသင်းအနေနဲ့ ယခု ပွဲစဉ် ကို ရမှတ် တမှတ် အနိမ့်ဆုံး ရရှိနိူင်အောင် စွမ်းဆောင် လိမ့် မယ် လို့ ထင်မြင်မိ ပီး လိဒ် ယူနိုက်တတ် အသင်း ကလည်း ခြေကုန် ထုတ် ကန် သွားဖို့ ရှိနေ ပါတယ်။ ဒါ့ကြောင့် နှစ်သင်းစလုံး အတွက် သရေတမှတ် ခွဲ ယူ သွားပါလိမ့်မယ်။ ဂိုးမြူးမယ့် ပွဲတပွဲ လို့ လည်း ထင်မြင် မိပါတယ်။
နောဝှစ် ၂ – ၂ လိဒ် ယူနိုက်တတ် (ခန့်မှန်း)
ပျမ်းမျှ ဂိုးပေါင်း အရေအတွက် ၃ လုံး (ခန့်မှန်း)
အက်စတွန် ဗီလာ – ဝက်စ်ဟမ်း
သုံးပွဲဆက် ရှုံးနိမ့်ထားသည့် အက်စတွန် ဗီလာ အသင်း အနေဖြင့် ယခု အိမ်ကွင်း ပွဲစဉ် မှာ ခြေကုန် ထုတ် ရုန်းကန် သွားပါလိမ့်မယ်။ဝက်စ်ဟမ်း အသင်း ကလည်း ပုံမှန် ခြေစွမ်း ပြသနေတာကြောင့် တသင်းနဲ့တသင်း မြိုင်မြိုင် ဆိုင် ဆိုင် ဖြစ်မည့် ပွဲ တ ပွဲ လို့ လည်း ထင်မြင်မိပါတယ်။
အက်စတွန် ဗီလာ ၂ – ၁ ဝက်စ်ဟမ်း (ခန့်မှန်း)
ပျှမ်းမျှ ဂိုးပေါင်း အရေအတွက် ၃ လုံး (ခန့်မှန်း)
