ချဲလ်ဆီး ကွင်းလယ်ကစားသမား မက်ဆန် မောင့် သည် နယူးကာဆယ် အသင်း ကို ၃ – ၀ ရလဒ်ဖြင့် အနိုင် ရရှိခဲ့သည့် ပွဲ မှာ ကို ဗစ် ရောဂါ ကူးစက် ခံ ရမှုကြောင့် မဟူတ်ဘဲ သာမန် ဖျားနာမှုကြောင့် ပွဲ လွှဲချော် ခဲ့ ခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆို လာခဲ့သည်။
ချဲလ်ဆီးအသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားတွေထဲက တယောက် ဖြစ်ပြီး မက်ဆန် မောင့် သည် ပြီးခဲ့တဲ့ အပတ် ပွဲ စဉ် မှာတူန်းက နောဝှစ်အသင်းကို ၇ ဂိုး ပြတ် ဖြင့် အနိုင်ရရှိခဲ့ပြီး Hat-trick ရယူ ထားနိူင်ခဲ့ပါတယ်။နယူးကာဆယ် နဲ့ ယှဉ်ပြိုင်ကစားမည့် လူစာရင်း ထွက်ပေါ် လာသည်အထိ မက်ဆန် မောင့် မပါဝင် သည့် အကြောင်း ပြောဆို ထားမှု တွေ မရှိ ပေမယ့် ပွဲ ပြီး ဆုံး သွားချိန် မှာတော့
မက်ဆန်မောင့် က တွစ်တာမှာ အခုလို ပိုစ့် တင်ခဲ့ပါတယ်။
“ကစားပွဲကို လွဲချော်ခဲ့ရလို့ စိတ်ပျက်မိပေမယ့် အနိုင်ရရှိ ဖို့အတွက် အသင်းသားတွေ ရဲ့ စွမ်းဆောင်ရည် က တဂယ့်ကို ကောင်းမွန် ပါတယ် ။ နောက် နှစ် ရက် တာ အတွင်း ပြန်လည် ကောင်းမွန် လာလိမ့် မယ် လို့ လည်း မျှော် လင့် မိ ကြောင်း
ရေးသား ဖေါ်ပြ ခဲ့ပါတယ်။
နည်းပြ သောမတ်စ် တူချယ် ရဲ့ ထပ်လောင်းပြောဆိုမှုကတော့….
ကနဉီး ပွဲထွက် ဖို့ရာ စီမံမှု တွေ ရှိခဲ့ ပေမယ့် သန်းခေါင်ယံ အချိန် မှာ အဖျားကြီး နေမကောင်းခဲ့မှုကြောင့်
နေအိမ် တည်ရှိရာ လန်ဒန် သို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။
ချဲလ်ဆီး အသင်းသည် မကြာသေးမီ ရက်သတ္တပတ် အတွင်းမှာ ဒဏ်ရာရ ကစားသမား တချို့ ရှိနေခဲ့ပေမယ့်ကလပ် အသင်း ရဲ့ ကစား သမား ဒဏ်ရာရ ပြဿနာ ကြောင့် တူချယ် ရဲ့ အသင်းမှာ စနေနေ့ ပွဲစဉ် နဲ့ ပက်သက်ပြီး ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု မရှိကြောင်း လည်း တွေ့မြင်ခဲ့ရပါတယ်။
