အာဆင်နယ်အသင်း သည် ဂိုးသမား အေရွန် ရမ်စ်ဒဲလ် ကို ခေါ်ယူခဲ့စဉ်က ဝေဖန် မှု တွေ မြင့်တတ်ခဲ့ပေမယ့်
တပွဲ ပြီး တပွဲ လက်စွမ်းပြ နေပြီး စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ လက်စတာ ကင်းပါဝါ ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲစဉ်မှာလည်း လက်စွမ်းပြ ကာကွယ် နိူင်ခဲ့ပြီး ၀ – ၂ ရလဒ်ဖြင့် အနိုင် ရ ခဲ့သလို Clean Sheet ရယူနိူင်ခဲ့ပါတယ်။
တချိန်က …မန်ယူ ကစားသမားဟောင်း ဂိုးသမား ပီတာ ရှမိုက်ကယ် မှလည်း လက်စတာနဲ့ ပွဲစဉ် ၌ ရမ်စ်ဒဲလ်ရဲ့ ပုတ်ထုတ်ကာကွယ်မှုကို ဒီနှစ်တွေထဲ မြင်ရခဲတဲ့ အကောင်းဆုံးကာကွယ်မှု လို့ မှတ်ချက်ပြု ချီးကျူး သွားခဲ့ပါတယ်။
အာဆင်နယ် အသင်းသည် စက်တင်ဘာ လ တုန်းကလိုဘဲ ယခု အောက်တိုဘာလမှာလည်း ရှုံးပွဲ မရှိ ဖြတ်သန်းနိုင်ခဲ့ပြီး အေရွန် ရမ်စ်ဒဲလ် ရဲ့ စွမ်းဆောင် ရည် မှာ ကလပ်အသင်းအတွက် တစိတ်တဒေသ ပါဝင်ပက်သက် နေလျက် ရှိနေပါတယ်။
လက်စတာစီးတီး အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ် ၌ ဂိုးသမား အေရွန် ရမ်စ်ဒလ် ၏ စွမ်းဆောင်နိူင်မှုများ
8 Saves
4 Saves from inside the box
4 Big chances saved
2 High claims
Clean Sheet
MOTM
