စနေနေ့ ပရီးမီးယားလိဂ် ပွဲပြီး ရလဒ် များ အကြောင်း
စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ အာဆင်နယ် ၊ မန်ယူ ၊ ချဲလ်ဆီး အသင်းတို့သည်
အဝေးကွင်း ကိုယ်စီ ၌
လက်စတာ ၀ – ၂ အာဆင်နယ်
စပါးစ် ၀ – ၃ မန်ယူ
နယူး ၀ – ၃ ချဲလ်ဆီး စတဲ့ အနိုင်ရလဒ်ဖြင့် အသီး သီး အနိုင်ရရှိခဲ့ပြီး
မန်စီးတီးအသင်းမှာတော့ အိမ်ကွင်းမှာ ပဲလေ့စ် အသင်းကို လက်ခံကစား ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ၀ – ၂ ရလဒ်ဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရပြီး လီဗာပူး အသင်းသည်လည်း အန်ဖီးကွင်း ၌ ဘရိုက်တန် အသင်းကို ၂ – ၂ သရေ ရလဒ်ဖြင့် သာ ပွဲ ပြီးဆူံးခဲ့သည်။
တခြားပွဲစဉ်အနေနဲ့ ဘန်လေအသင်းမှာ ဘရန့်ဖိုဒ် အသင်းကို ၃ – ၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး
ဝက်ဖို့ဒ် အသင်းသည် လည်း ဆောက်သမ်တန် အသင်းကို ၀ – ၁ ရလဒ် ဖြင့် အဆုံးသတ် ပွဲပြီး ဆုံးခဲ့သည်။
စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲစဉ် ရလဒ်များကတော့ အံအားသင့်ဖွယ်ရာ အချိုးအကွေ့များဖြင့် ပြီးဆုံးသွားခဲ့ပြီဘဲ ဖြစ်ပါတယ်။
