ပြီးခဲ့တဲ့ စနေနေ့က မန်ယူ အသင်း ကို သုံးဂိုး ဂိုးမရှိ ရှုံးနိမ့် ခဲ့သည့် နောက် နူနို အား စပါးစ်အသင်း နည်းပြ အဖြစ်မှ ထုတ်ပယ်ခံခဲ့ပြီ ဘဲ ဖြစ်ပါတယ်။

ကလပ်အသင်း ဉကဌ ဖြစ်သူ ဒယ်နီရယ် လီဗီ နဲ့
ဒါရိုက်တာ ဖာဘရီယို ပါရာတီစီ တို့သည်
အသက် ၄၇ နှစ်အရွယ်
ယခင် ဝုဗ် အသင်း နည်းပြ ဖြစ်သူ နူနို အား
ပြီးခဲ့သည့် ဇွန် လ က ၂ နှစ် သက်တမ်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး ကိုင်တွယ် နည်းပြ ခဲ့တဲ့ လေးလတာ ပြီးဆုံးချိန်မှာတော့ အသင်း အတွက် မျှော်မှန်းထားသလို ဖြစ်မလာတာကြောင့် ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။

နူနို အစား ကွန်တီအား စပါးစ်နည်းပြအဖြစ် ခန့်အပ်ရန် ပြင်ဆင်နေပြီး ပထမအကြိမ် ကမ်းလှမ်းတုန်းက အသင်း အား စိတ်ကြိုက်ပြင်ဆင်ခွင့် မရရှိခဲ့တာကြောင့် ကွန်တီ မှ ပယ်ချ ခဲ့ပြီး ယခု အကြိမ် ကမ်းလှမ်းမှု မှာတော့ စပါးစ်နည်းပြ သစ် ဖြစ်လာဖို့ရာ တဖြည်းဖြည်း နီးစပ်လာခဲ့ပြီဘဲ ဖြစ်ပါတယ်။