မျှော်မှန်းထား သလို ဖြစ် မလာဘဲ ရလဒ်ဆိုး ဖြစ်ပေါ်လာတာကြောင့် နူနို အား ထုတ်ပယ် ပြီး
အစားထိုး နည်းပြအဖြစ် ကွန်တီအား ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း စပါးစ်အသင်းမှ တရားဝင်
ထုတ်ပြန် ကြေငြာ လိုက်ပါတယ်။
နည်းပြ ကွန်တီ မှာ ချဲလ်ဆီး ၊ ဂျူဗင် နဲ့
အင်တာမီလန် စတဲ့ အသင်းကြီး တွေကို ကိုင်တွယ် နည်းပြခဲ့သူ တဉီး ဖြစ်ပါတယ်။ ယခင် ချဲလ်ဆီးအသင်းကို ကိုင်တွယ်
နည်းပြခဲ့သည့်၂၀၁၆-၁၇ ရာသီတွင်
ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် အက်ဖ်အေဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သလို
အင်တာမီလန်သို့ ပြောင်းရွှေ့နည်းပြခဲ့စဉ်ကလည်း စီးရီးအေချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည့်
နည်းပြကောင်း တဉီးလည်း ဖြစ်ပါသည်။
ကွန်တီမှာ စပါးအသင်းကို
တစ်နှစ် လုပ်လစာပေါင် ၁၃ သန်းနှင့်အတူ
တနှစ်ခွဲ စာချုပ်နှင့် ကိုင်တွယ်သွားမည်ဖြစ်သလိုစာချုပ်သက်တမ်းကုန်ချိန်တွင် အသင်းနှင့်စာချုပ်သက်တမ်းတိုးခွင့်ရှိသည့်
သဘောတူညီချက်လည်းပါဝင်ကြောင်း
သိရသည်။
