အစီအစဉ် တင်ဆက်သူ လည်း ဖြစ်သလို
ဂျာနယ်လစ်တယောက်လည်း ဖြစ်တဲ့
အေဒရီယမ် ကလာခီသည် ဝက်ဖို့ဒ် အသင်းရဲ့အဓိက အချက်အချာ
နည်းဗျူဟာ ရလဒ်တွေ ကို အခြေခံကြည့်ရှုပြီး၊
ဘယ်ကစားသမားတွေက ပွဲစဉ်၁၁ မှာ
ဘယ်လို ဖြစ်လာမလဲဆိုတာ အခုလို
သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
နည်းပြ ရာရီနေရီ သည်
ကလပ်အသင်း ရှေ့တန်း ရဲ့ အရှိန်အဟုန် နှင့် ကစားအားကို အသုံးပြုပြီး
ကွင်းထဲမှာ. .
ဝက်ဖို့ဒ်အသင်း ကို အဆိုပါ ပုံစံ အတိုင်း
ထပ်မံ ကစားနိူင်ဖို့ရာ
နည်းပြချုပ်သစ် ၏ နည်းဗျူဟာမြောက် ချဉ်းကပ်မှု မှာ. .
အခြေခံကျကျ စတင်နေပြီ ဘဲ ဖြစ်သည်။
လီဗာပူးကို အိမ်ကွင်းမှာ 5-0 ရလဒ်ဖြင့်
ရှုံးနိမ့်ခဲ့ပြီး ခက်ခဲတဲ့ အစကို
ကြံ့ကြံ့ခံပြီး နောက်မှာတော့
နည်းပြ ရာရီနေရီသည် ဝက်ဖို့ဒ်အသင်းကို
မြန်မြန်ဆန်ဆန် နဲ့ ကစားကွက် ကို 4-1-4-1 ပုံစံနဲ့ စတင်တည်ဆောက်ခဲ့ပါတယ်။
ဝက်ဖို့ဒ် အသင်း အနေနဲ့
နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်မှာတော့ အဲဗာတန်ကို 5-2 ရလဒ် ဖြင့် အောင်မြင်စွာ
အနိူင်ရ စွမ်းဆောင်နိုင်ခဲ့ကာ
လာမည့်တနင်္ဂနွေနေ့ အမ်းမရိတ်စ်ကွင်း၌
အာဆင်နယ်နှင့် ရင်ဆိုင်ရမည့် ပွဲ မှာ လည်းတိုက်စစ်ဆင်မှုနဲ့ ပက်သက်လို့
ယခင်ပွဲကအတိုင်း တထပ်တည်းကျအောင်
ကြိုးပမ်းသွားလိမ့်မှာဘဲ ဖြစ် ပါတယ်။
2021/22 ပရီးမီးယားလိဂ် ရာသီအစောပိုင်း
ပွဲစဉ် များနှင့် နောက်ဆုံး ကစားပွဲ ၃ ပွဲ ကို
နှိုင်းယှဉ် ကြည့်ပါက ဝက်ဖို့ဒ်အသင်းသည်
နောက်ပိုင်း ပွဲစဉ်တွေမှာ
သိသိသာသာ Passing ပိုမို ပြုလုပ် စွမ်းဆောင်ထားနိူင်ခဲ့ပါတယ်။
ဝက်ဖို့ဒ်အသင်း တိုက်စစ်မှူး ဂျိုရှုရာ ကင်း မှာ
ပြိုင်ဘက်အသင်းရဲ့ ခံစစ် နဲ့ ဂိုးတိုင်နားထိ ပါ
နီးကပ်စွာ ကစားနိူင်ခြင်းကို
နည်းပြ ရာရီနေရီအနေနဲ့ ဝမ်းမြောက်နေပြီး
ဖြစ်နိုင်မယ်ဆိုရင်
တောင်ပံကစားသမား အစ်မိုင်လာ နဲ့
ကူချို ဟာနန်ဒတ် တို့ကိုလည်း
အလားတူ လုပ်ဆောင်နိူင်ရန် သူ့အနေနဲ့တိုက်တွန်းသွားမှာဘဲ ဖြစ်ပါတယ်။

အီတလီ နည်းပြတယောက်အနေနဲ့
အန္တရာယ်များပြီး စွန့်စားရတဲ့ အခန်းကဏ္ဍ
ဖြစ်ပေမယ့် ဝက်ဖို့ဒ်အသင်း ကို သူ ပုံဖော်လိုတဲ့
အသင်းရဲ့ ရှေတန်း မှာ Passing နဲ့ Possession
ပိုမို ရရှိဖို့ စိတ်ဆနဒ ပြင်းပြနေပါတယ်။
ကစားသမား အစ်မိုင်လာ၊ ဂျိုရှုရာ ကင်း နဲ့ ဒမ်နစ်တို့၏ ကစားအား တိုက်ရိုက် မြန်နှုန်းတို့မှာ
နည်းပြရာရီနေရီရဲ့ နည်းဗျူဟာအသစ်အတွက်
အဓိကသော့ချက် ဘဲ ဖြစ်ပါတယ်။
အစ်မိုင်လာနဲ့ ဂျိုရှုရာကင်း ကစားသမားနှစ်ဉီးသည် ပရီးမီးယားလိဂ် အမြန်ဆုံး တိုက်စစ်ဆင် ကစားသမားတွေထဲမှာ အဆင့် ၁၄ နဲ့ ၁၅ နေရာမှာ
ရပ်တည်နေပါသည်။
ရှေ့တန်းမှာ . .နှစ်ယောက်စလုံးက
ကန်တင်ပြေး ကောင်တာဆန်ဆန်နဲ့ နေရာလွတ်တွေကို ထိုးဖော်နိူင်တာကြောင့် အဆိုပါကစားသမားနှစ်ဉီးမှာ မယုံနိုင်လောက်အောင် အန္တရာယ်များတဲ့ ပလေယာတွေ လည်း
ဖြစ်ပါတယ်။

ဒါကြောင့် အစ်မိုင်လာ နဲ့ ဂျိုရှုရာ ကင်း တို၏
ဂိုးပေါက်ကို ထိုးဖောက် ခြိမ်းခြောက်မှုကို
အာဆင်နယ်အသင်း ကိုင်တွယ် မဖြေရှင်းနိူင်ပါက
ဝက်ဖို့ဒ်အသင်းအတွက် ပွဲစဉ်၁၁ ခရီးစဉ် ဟာ
ချိုမြိန်တဲ့ ရလဒ် ကောင်းတွေ ဖြစ်လာနိူင်တယ်လို့
သုံးသပ် ပြောဆိုထားပါတယ်။