ဒီရာသီ. . .ပထမဉီးဆုံးအကြိမ် ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရပြီးနောက်

နည်းပြချုပ်ရာထူးမှ  ချက်ခြင်းထုတ်ပယ်ခံလိုက်ရပါတယ်။

ဂျာမန်သားဖြစ်သူ နည်းပြ ဖရာကီသည် နောဝှစ်ခ်ျ၏ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ အဖြစ် ဘရန့်ဖိုဒ်အသင်းကို Brentford 2-1 ဖြင့် အနိုင်ရပြီးနောက် မကြာမီ ထုတ်ပယ်ခံလိုက်ရတာဘဲ ဖြစ်ပါတယ်။

နိုင်ပွဲရရှိခဲ့သော်လည်း နောဝစ်ခ်ျအသင်းမှာ ရမှတ် ငါးမှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံးတွင် ဆက်လက်ရှိနေခဲ့သည်။

“ကျွန်ုပ်တို့၏ဘောလုံးအသင်းအတွက်  အကောင်းဆုံးကို ဆက်လက် ဖေါ်ဆောင်ရာတွင်၊ ဤဆုံးဖြတ်ချက်သည် လွယ်ကူသည်မဟုတ်”ဟု နောဝှစ်ချ်အသင်း အားကစားဒါရိုက်တာ စတူးဝပ်ဝက်ဘ်ဘာ က ကလပ်အသင်း ၏ တရားဝင်ဝက်ဘ်ဆိုက် မှာ ပြောကြားခဲ့သည်။

“ဒီအဆင့်မှာ ဒန်နီရယ်နဲ့ သူ့ဝန်ထမ်းတွေ အောင်မြင်ဖို့ ဘယ်လောက် စိတ်ပိုင်းဖြတ်ထားလဲဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အခုအချိန်က ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် အဆင့်အတန်းကို ဆက်ထိန်းထားနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပေးဖို့ အပြောင်းအလဲတစ်ခုအတွက် သင့်တော်တယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်”။

နည်းပြ ဖရာကီ ရဲ့ ကျောထောက်နောက်ခံ ဝန်ထမ်းတွေဖြစ်တဲ့ Eddie Riemer၊ ၊Chris Domogalla နဲ့ Christopher John တို့လည်း အသင်းမှ ထွက်သွားကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ်။ နောဝှစ်ခ်ျအသင်းသည် နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံတကာ ပွဲစဉ်အပြီးတွင် ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

Farke