နယူးကာဆယ်အသင်းသည် 2024 ခုနှစ် နွေရာသီအထိ စာချုပ်အရ နည်းပြချုပ်အဖြစ် အက်ဒိုင်း ဟိုဝီ ကို ခန့်အပ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။

ဟိုဝီ သည် ပြီးခဲ့သည့်လက စတိဖ် ဘရုစ် အသင်းမှ ထွက်ခွာသွားပြီးနောက် ယာယီတာဝန်ခံ ဂ‌ရေမီ ဂျိုးနစ် ထံမှ လွှဲပြောင်းရယူခဲ့သည်။

အသက် 43 နှစ်အရွယ်ရှိပြီဖြစ်သောသူသည် ယခင်ကလပ် ဘုန်းမောက်အသင်း တွင် ကစားသမားအဖြစ်ပွဲ 300 ကျော်ကစားခဲ့ပြီး League Two မှပရီးမီးယားလိဂ် သို့ နှစ်ကြိမ်တိုင် စွမ်းဆောင်နိုင်ခဲ့ကာ 11 နှစ်တာ ကစားခဲ့ပါတယ်။

“နယူးကာဆယ်ယူနိုက်တက်ရဲ့ ကျော်ကြားမှု နဲ့ သမိုင်းကြောင်းရှိတဲ့ ကလပ်အသင်းတစ်သင်းရဲ့ နည်းပြချုပ်ဖြစ်လာရတာ ဂုဏ်ယူပါတယ်” ဟု ဟိုဝီ က ကလပ်အသင်း ၏ တရားဝင်ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ “ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် လည်း အရမ်းဂုဏ်ယူရတဲ့နေ့တစ်နေ့ပါ။

“ဒါဟာ အံ့သြစရာကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါ၊ ဒါပေမယ့် ကျွန်တော်တို့ ရှေ့မှာ လုပ်စရာတွေ အများကြီးရှိပါသေးတယ်၊ ကစားသမားတွေနဲ့ စတင်လက်တွဲဖို့ လေ့ကျင့်ရေးကွင်းကို ရောက်ဖို့ စိတ်အားထက်သန်နေပါတယ်။”

ဟိုဝီ သည် 2015/16 တွင် ၎င်းတို့၏သမိုင်းတွင် ပထမဆုံးအကြိမ် ဘုန်းမောက်အသင်း ကို ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးခဲ့ပြီး 7 နှစ်အကြာတွင် မန်နေဂျာအဖြစ် ပထမဆုံးတာဝန်ယူကာ 17မှတ် ဖြတ်ကာ League Two မှ တတ်လှမ်းနိုင်ခဲ့သည်။

နယူးကာဆယ်အသင်းဟာ ပြိုင်ပွဲစုံ 11 ပွဲကစားပြီး 5 မှတ်ဖြင့် အဆင့် 19 မှာ ရပ်တည်နေပြီး အောက်ဆုံးကလပ် နောဝှစ် စီးတီး အသင်း နဲ့ ရမှတ်တူညီစွာ ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဟိုဝီ သည် နိုဝင်ဘာလ 20 ရက်နေ့ စနေနေ့တွင် ဘရန့်ဖိုဒ့် အသင်း ကို အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

Former AFC Bournemouth manager agrees deal at St James’ Park until the summer of 2024