၂၀၂၁ အောက်တိုဘာလအတွက် တလတာအကောင်းဆုံးကစားသမားအဖြစ် မိုဟာမက် ဆာလတ် မှ ဆွတ်ခူးရရှိခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလမှာတုန်းက လီဗာပူးအသင်း အတွက် ၅ ဂိုး သွင်းယူခဲ့ပြီး၊ဂိုးရရှိမည့် အခွင့်အရေး ၄ကြိမ်တိုင်တိုင် ဖန်တီးပေးခဲ့သည်၊

ကစားသမား မိုဟာမက် ဆာလတ် သည် ၂၀၁၈ မတ်လကတည်းက တလတာ အကောင်းဆုံး ဆု ကို ၄ ကြိမ် တိုင်တိုင် ဆွတ်ခူးရရှိခဲ့ပါသည်။

ဘန်ချီဝဲလ်၊ကော်နက်၊ဖီး ဖိုဒန်၊တီနို လီဗာရာမန်တို၊အေရွန် ရမ်စ်ဒဲလ်၊ဒတ်ကလန် ရိုက် နဲ့ တိုင်လီမန်းစ် အစရှိသည့် ကစားသမားများကို ကျော်ဖြတ်ကာ ကစားသမား ဆာလတ် မှ ဗိုလ် စွဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ပွဲစဉ် ၄ ပွဲစလုံး၌ တဂိုး စီ သွင်း ယူထားခဲ့သော ကစားသမားတဉီးလည်း ဖြစ်သည်။

မိုဟာမက် ဆာလတ်