ထုတ်ဖေါ်ပြောဆိုလာတဲ့ အူဘာမီးယန်း

Sky Sports ရဲ့ ပရိတ်သတ် အမေးအဖြေ အစီအစဉ်မှာ စပါးစ်အသင်းသို့ ပြောင်းရွေ့သွားမလား ကစားသမားဘဝမှ အနားယူသွားမလား “ဆိုတာနဲ့ ပက်သက်ပြီး မေးမြန်းမှု အပေါ် အူဘာမီယန်းကို စိတ်ရှုပ်ထွေးစေခဲ့သည်။

ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ၅၆ သန်း ဖြင့် ၂၀၁၈ ဇန်နဝါရီ လတွင် ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွေ့လာသည့် ဂါဘွန် နိုင်ငံသား ကစားသမား တဉီး လည်း ဖြစ်ပြီး အာဆင်နယ်အသင်းမှ မခေါ်ယူမီ စပါးစ်အသင်းသို့ ပြောင်း‌ရွေ့ရန်  နီးစပ်မှုများ ရှိခဲ့သည်။

ထို့သို့ စပါးစ်အသင်း သို့ ပြောင်းရွေ့သွားမလား သို့တည်းမဟုတ် ကစားဘဝမှ အနားယူသွားမလား လို့ မေးမြန်းမှုအပေါ် ကစားသမား အူဘာမီယန်း မှ “မင်းသိနေနှင့်ပြီးသားလေ၊ ဒီမေးခွန်းကို မင်း မေးစရာ မလိုအပ်ဘူး၊ငါ . . ကစားသမားဘဝမှ အနားယူ မှာပေါ့”လို့ ပြောခဲ့သည်။

” လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါကို တော့တင်ဟမ်ဟော့စပါးစ်အသင်းက ခေါ်ယူဖို့ နီးစပ်ခဲ့တယ်။ နောက်ဆုံးတော့ သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာ ငါမသိဘူး၊ ဒါကို မင်းသိလား

အဲ့ဒါကြောင့် ကစားသမားဘဝက အနားယူမယ်လို့ ပြောတာ။”

အူဘာက ဆက်ပြော – “Saint-Etienne မှာတုန်းကလို့ ထင်တယ်၊ ဒါမှမဟုတ် Dortmund မှာရှိတုန်းကလားဆိုတာတော့ အတိအကျတော့မမှတ်မိတော့ဘူး။ လန်ဒန်ကိုရောက်လာပြီး၊ White Hart Lane အားကစားကွင်းကိုသွားခဲ့တယ်။ နောက်နေ့ကျတော့ သူတို့ဆီက ဘာ အဖြေမှ မသိရသလို ၊ နောက်ထပ် လည်း ဆက်သွယ်မှုတွေ မရှိတော့ဘူး”လို့ ဆိုသည်။

အဲ့လို ငြင်းပယ်မှု ဖြစ်ရပ်တွေ ရှိခဲ့သည့် အတွက် ကစားသမား အူဘာမီယန်းသည် စပါးစ် အသင်းနဲ့ တွေ့ဆုံတိုင်း ဂိုးသွင်းယူလေ့ရှိပြီး စုစုပေါင်း ၈ ဂိုး အထိ အပါအဝင် အာဆင်နယ်အသင်းနှင့် ၄ ဂိုး သွင်းယူထားခဲ့သည်။

အသက် ၃၂ နှစ် အရွယ် ကစားသမား အူဘာမီယန်း သည် ဒီရာသီ မှာ . . နည်းပြ အာတီတာ လက်အောက် မှာ အကောာင်းဆုံး ပုံစံ ပြန်လည် ရရှိဖို့ ကြိုးစားနေပြီး  ပြီးခဲ့သည့် ပရီးမီးယားလိဒ် ၈ ပွဲ မှာ. .၄ ဂိုး သွင်းယူထားပြီး ခါရာဘောင်း ဖလား ဝက်စ်ဘရွန်း နဲ့ ပွဲစဉ် ၌ ၃ ဂိုး သွင်း ယူ စွမ်းဆောင်ထားနိူင်ခဲ့သည်။

Aubameyang