ချဲလ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ခြင်းမရှိကြောင်းနဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိကြောင်း ဝန်ခံခဲ့ပါတယ်။
2018 ခုနှစ်တုန်းက စီးတီးဟာ Jorginho နဲ့ ဆွေးနွေးမှုတွေ နက်နက်ရှိုင်းရှိုင်းရှိခဲ့ပြီး အီတလီသားကို ခေါ်ယူဖို့ မျှော်လင့်ခဲ့ကြပြီး ချဲလ်ဆီးအသင်းက အပြိုင် ရယူခဲ့ကာ နာပိုလီကမန်နေဂျာ Maurizio Sarri နဲ့အတူ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
L’Equipe နဲ့ စကားပြောဆိုရာမှာ ကွင်းလယ်ကစားသမား ဆာရီနဲ့ ပြန်လည်ပေါင်းစည်းခြင်းက သူ့ကို ပထမနေရာက ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လုနီးပါးဖြစ်သွားတာလို့ ဝန်ခံခဲ့ပါတယ်။
ချဲလ်ဆီးအသင်းမှာ သူ ရှိနေခဲ့စဉ်က ကျွန်တော့်ကို အလိုရှိတုန်းက ကျွန်တော်တကယ် မသွားချင်ခဲ့တာပါ” အခု”ကျွန်တော် Sarri နဲ့ သုံးနှစ်ကြာလက်တွဲခဲ့ပြီးဖြစ်တယ်လို့ ဟု ပြောကြားခဲ့သည်။ “ကျွန်တော် မန်ချက်စတာစီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဲဒီ့မှာ အခြေချမိမယ်လို့ မြင်ခဲ့မိတယ်။
“ဒါပေမယ့် ချဲလ်ဆီးအသင်းက အလေးအနက် တွန်းအားပေးခဲ့ပါတယ်။ ယနေ့ ဒီအချိန်မှာ အရမ်းကိုပျော်ပါတယ်။ အထူးသဖြင့် မယုံနိုင်လောက်စရာ 2021 ခုနှစ်နောက်ပိုင်းမှာပေါ့ အဲဒါက လုံးဝကို အံ့မခန်းပါပဲ။ ကျွန်တော့်အတွက် ဖြစ်ပျက်လာခဲ့တဲ့ အကြောင်းအရာတွေက အရမ်းကိုကြီးမားခဲ့တာကြောင့် မယုံနိုင်လောက်အောင် အံ့ဩစရာပါပဲ။ တဂယ့်ကို အိပ်မက်ဆန် ခဲ့ပါတယ်”
ဂျော်ဂျင်ဟိုသည် 2021 Ballon d’Or ဆုဖလားအတွက် အရွေးချယ်ခံရရန် မျှော်လင့်ထားသော်လည်း လူအများစုက အီတလီသား၏ ခြေစွမ်းအပေါ် ချီးကျူးမှု ခံရခြင်းနဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခဲ့ကြသည်။ အချို့သော ဝေဖန်သူများက ဂျော်ဂျင်ဟိုသည် ကစားပွဲများတွင် လုံလောက်စွာ ခြေစွမ်း ပြသနိုင်ခြင်း မရှိကြောင်း ဟု စွပ်စွဲထားသော်လည်း ကွင်းလယ်ကစားသမားသည် ၎င်း၏ အကောင်းဆုံးလုပ်ဆောင်မှုများကို သံသယမရှိကြောင်း ယုံကြည်နေသည်။
“လူတွေက ငါ့ကို သိပ်ပြီး မမြင်ကြတာ အမှန်ပဲ” ဟု ၎င်းက ဆက်ပြောသည်။ “ကျွန်တော် အရိပ်ထဲမှာပဲနေပါ။ မိနစ် 90 လုံး ပတ်ပြေးနေတဲ့ N’Golo [Kante] နဲ့ မတူပါဘူး။ တစ်ပွဲမှာ ဘောလုံး အကြိမ်ရေ 300 လောက်ရယူနိုင်တဲ့ N’Golo [Kante] နဲ့ မတူပါဘူး။ ပြီးတော့ . . .ကစားသမားနှစ်ယောက်ကို လိမ်ခေါက်ပြီး ဖြတ်ကျော်တဲ့ [Mateo] Kovacic နဲ့ မတူပါဘူး။ ဆက်လက်ပြီး
“ကျနော့်ပုံစံ က ဘောလုံးကို ဘယ်လို ကြားဖြတ် ယူ ရမယ်ဆိုတာ၊ ခံစစ်ကို ဖောက်ထွက်ဖို့၊ ဘယ်ဧရိယာမှာ ဘောလုံးတွေကို ဘယ်လို ကြားဖြတ်ယူရမယ်ဆိုတာ နဲ့ ပွဲတပွဲ ကို အခြေခံ ကစားလေ့ရှိ ပြီး၊ ကျွန်တော့်ရဲ့အသင်းဖော်တွေရဲ့ လှုပ်ရှားမှုတွေကနေတစ်ဆင့် အကောင်းဆုံး အခွင့်အရေး တွေ
တစ်ခု ပြီး တစ်ခု ဖန်တီးပေးတာပါ… အဲ့ဒါတွေအားလုံးက သိမ်မွေ့ညင်သာလွန်းပါတယ်။ တခြားသူတွေထက် ငါ့အပေါ် ရှုမြင်နိုင်မှု နည်းပါးမှုကို ကျွန်တော် လုံးဝနားလည်ပါတယ်။” ဟု ပြောဆိုလာခဲ့သည်။
