မကြာသေးမီက အင်တာဗျူးတစ်ခုတွင်
အသက် 26 နှစ်အရွယ်ရှိပြီဖြစ်သော စတာလင်နဲ့ ပက်သက်ပြီး
ဂွာဒီယိုလာကို နူးကမ့်သို့ပြောင်းရွေ့ သွားမည့် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။
“ဘာစီလိုနာက ကျွန်တော်တို့ရဲ့ ကစားသမားတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ သူတို့ခေါ်ယူနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာစီလိုနာအသင်း ဟာ ဆွဲဆောင်မှု ရှိသည်ဆိုတာထက် ပို၍ဆွဲဆောင်မှုရှိတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်” ဟု ပြောကြားခဲ့သည်။ “မြို့၊ ကလပ်၊ သမိုင်းကြောင်းနဲ့ နည်းပြသူတွေအတွက်၊ ကစားသမားတွေအတွက် အမြဲတမ်း စွဲဆောင်မှုတွေ အများကြီးရှိနေလို့ပါ။”
စတာလင်သည် မန်စီးတီးအတွက် ယခုအချိန်အထိ ပရီးမီးယားလိဂ် ကိုးပွဲ ကစားထားသော်လည်း အဆိုပါပွဲများအနက် 3 ပွဲသာ စတင်ကစားခဲ့သည်။
ဇန်န၀ါရီလတွင် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကိစ္စ ပျက်ကွက်ခဲ့ပါက စတာလင်သည် ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းရွှေ့ရန် စဉ်းစားမည်ဟု The Times က ဖော်ပြခဲ့သည်။
ယခုလတွင် နည်းပြအဖြစ် Ronald Koeman နေရာတွင် အစားထိုးခဲ့သော Xavi Hernandez သည် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူလိုနေပြီး အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် ၎င်းတို့ပစ်မှတ်ထားမည့် သုံးဦးအနက်မှ စတာလင် လည်း တစ်ဉီး ပါဝင်နေသည်။
စတာလင်သည် 2015 ခုနှစ်တွင် လီဗာပူးမှ ပေါင် 49 သန်းဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး
စတာလင်သည် ၎င်း၏ စာချုပ်သက်တမ်း 18 လ ကျန်သေးပြီး စာချုပ်သစ်အတွက် ညှိနှိုင်းမှုများမှာ ရပ်တန့်သွားပြီဟု နားလည်ထားသည်။
