ဘရန်ဒန် ရော့ဂျာသည် မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ရန် နံပါတ် ၁ ကိုယ်စားလှယ်လောင်း အဖြစ် ခန့်အပ်ခံရကြောင်း The Sun ၏ ဖော်ပြချက်အရ သိရသည်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ မန်နေဂျာ Ole Gunnar Solskjaer ကို အစားထိုးဖို့ အစီအစဉ်မရှိပါဘူး။

နည်းပြ ဆိုးရှား သည် နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များ အတွင်း ထုတ်ပယ်ခံရမည်ကို ကလပ်အသင်းထံမှ အရိပ်အယောင်ပြသထားခြင်း မရှိသည့်အပြင် ဝက်ဖို့ဒ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် နည်းပြအဖြစ် တာဝန်ယူသွားဖွယ်ရှိသည်။

ဒါပေမယ့် ယူနိုက်တက် ကစားသမား အတော်များများ ဟာ  ပြိုင်ဘက် လီဗာပူး နဲ့ မန်ချက်စတာ စီးတီး ကို အိမ်ကွင်း မှာ ဆက်တိုက် ရှုံးနိမ့် ခဲ့ အပြီး မှာ ဆိုးလ်ရှား ဟာ အိုးထရက်ဖို့ဒ် မှာ ဆက်ရှိသင့် မရှိသင့်နဲ့ ပက်သက်ပြီး ပြောဆို နေကြသည်ဟု သိရသည် ။