အရွတ်ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ မန်ယူတိုက်စစ်ကစားသမား ကာဗာနီ

Edinson Cavani က သူခံစားနေရတဲ့ ဒဏ်ရာပြဿနာက ရာသီကြိုမှာကတည်း က
သူ့ကို ဒုက္ခပေးတယ်လို့ ပြောလာသည်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး
အီဒင်ဆင် ကာဗာနီ သည်
မန်စီးတီး ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်၌   အရွတ် ဒဏ်ရာ ပြန်ဖြစ်လာတာကြောင့် ပွဲ လွဲချော်ခဲ့တာ
ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့သည် ။

ကာဗာနီသည်
စပါးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ် ၌
ဂိုးသွင်းယူပြီးနောက်
စနေနေ့က အိုးလ်ထရက်ဖို့ဒ် အိမ်ကွင်းတွင်
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်
မန်စီးတီးအသင်းအား 2-0 ဖြင့် ရှုံးခဲ့သော
ဒါဘီပွဲစဉ်မှာ လွဲချော်ခဲ့တာ​ ဖြစ်ပြီး
အတ္တလန်တာနှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ လူစားလဲ ပါဝင်ကစားခွင့် ရခဲ့သည်။

အာဂျင်တီးနားနဲ့ ဘိုလီးဗီးယားတို့နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဥရုဂွေးအသင်းမှ တိုက်စစ်မှူး ကာဗာနီ အား  ချန်လှပ်ခံခဲ့ရသည်။

ကာဗာနီက ရာသီကြိုမှာ ရရှိခဲ့တဲ့ဒဏ်ရာက သူအား စိတ်ရှုပ်ထွေးစေခဲ့ရပြီး ဘယ်လောက်ကြာကြာ  ပွဲ ချန်လှပ်ထားခံရမလဲဆိုတာကိုလည်း
မသိရသေးပေ။

“ရက်သတပတ် တော်တော်ကြာ
အနားပေးခံခဲ့ရပေမယ့်
ကျွန်တော် အသင်းမှာ
မိနစ်အနည်းငယ်သာ (ကွင်းထဲမှာ) ပွဲထွက်
ကစားခွင့် ရရှိခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲစဉ် မှာ စတင် ပြန်လည် ပါဝင် ခဲ့ပြီး အခြေအနေ တိုးတတ်လာပေမယ့် နိုင်ငံတကာ ပွဲစဉ် နဲ့ ပက်သက်ပီး ပွဲချန်လှပ်ခံရမှုမှာ အနည်းငယ် နာကျင်ခံစားရပါတယ်လို့ ဆိုပါတယ်။”

ကာဗာနီအတွက် ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အံဝင်ခွင်ကျဖြစ်လာဖို့အတွက် အချိန်တခု စောင့်ဆိုင်း ရမှာ ဘဲ
ဖြစ်ပါတယ်။

ကာဗာနီသည် ယခုရာသီတွင် သရဲနီများအတွက် နှစ်ပွဲသာ ပွဲထွက်ခွင့်ရထားပြီး အရန်ခုံမှာ ခြောက်ကြိမ် ပါဝင်ခဲ့ပြီး စပါးအသင်းနှင့် ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

လက်ရှိ ယူနိုက်တက်အသင်းမှာ
ရုန်းကန်နေရပြီး လာမည့်
နိုဝင်ဘာ 20 ရက်နေ့တွင် အဝေးကွင်းမှာ Watford အသင်း နဲ့  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဒင်းစမစ်နေရာတွင် အစားထိုးရန်အက်စတွန်ဗီလာအသင်း၏ ပထမဆုံးရွေးချယ်မှုတွင် စတီဗင်ဂျရတ် ပါဝင်လာ


Rangers ရန်ဂျားအသင်း
မန်နေဂျာ စတီဗင်ဂျရတ်သည် ဒင်းစမစ်နေရာကိုဆက်ခံရန် အက်စတွန်ဗီလာ၏ ဦးစားပေး
နည်းပြအဖြစ် ပေါ်ထွက်လာခဲ့သည်။

စမစ်သည် သောကြာနေ့ညက ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီးနောက် ဗီလာအသင်းမှာ
ပရီးမီးယားလိဂ်တွင် ပဉ္စမမြောက် ရှုံးပွဲဆက်တိုက် ကြုံခဲ့ရသည်။

မန်စီးတီးသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း 100 ဖြင့် ဂျက်ဂရီးလစ်ရှ်
ပြောင်းရွေ့သွားပြီး နောက်
Emi Buendia၊ Leon Bailey နှင့် Danny Ings တို့ကို ဒီနွေရာသီတွင် အကုန်အကျခံ
ခေါ်ယူခဲ့သော်လည်း ဗီလာအသင်းသည်
တန်းဆင်းဇုန်ထက်
နှစ်မှတ်သာ ကွာနေတော့သည်။

ကလပ်၏ CEO ဖြစ်သူ Christian Purslow သည် အားကစားဒါရိုက်တာ Johan Lange နှင့်အတူ မန်နေဂျာသစ် ရှာပုံတော် ဖွင့်နေပြီး Smith ၏ ထုတ်ပယ်ခံရသည့် ရက်သတ္တပတ်များအတွင်း အလားအလာရှိသော နည်းပြ များကို စတင်ကြည့်ရှုနေကြောင်း သိရသည်။

Purslow သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း လီဗာပူး အသင်း၌
မန်နေးဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့စဉ်က
စတီဗင် ဂျရတ် နဲ့ သိကျွမ်းခဲ့တာကြောင့်
ကွင်းလယ်ကစားသမားဟောင်းကို ခေါ်ယူရန်အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဗီလာ၏ဘီလျံနာပိုင်ရှင်သစ်များဖြစ်လာသည့် Nassef Sawiris နှင့် Wesley Edens
တို့သည်လည်း နာမည်ကောင်းတခုရရန် စိတ်အားထက်သန် ယုံကြည်နေကြသော်လည်း
မန်နေဂျာအသစ်၏ ကျွမ်းကျင်မှုမှာ
အဓိက ကျနေတာကြောင့် Purslow သည် အသင်းရဲ့လိုအပ်တဲ့ ကွက်လပ်တိုင်းကို
စတီဗင်ဂျရတ်အနေနဲ့ ဖြည့်စွမ်းပေးနိူင်လိမ့်မည်ဟု ယုံကြည်နေတာဘဲ ဖြစ်ပါသည်။

စတီဗင် ဂျရတ် အနေနဲ့ လီဗာပူးအသင်း နည်းပြ
အဖြစ် ကမ်းလှမ်း ချိတ်ထားမှုတွေ ရှိခဲ့ပေမယ့်
လက် ရှိ ကလော့ ၏ စာချုပ် သက်တမ်းမှာ
၂၀၂၄ အထိ ကျန် ရှိနေပါိတယ်။

မကြာမီ နိုင်ငံတကာအားလပ်ရက်များ
စတင်တော့ မှာ ဖြစ်သောကြောင့် ဗီလာအသင်းသည် နိုဝင်ဘာလ 20 ရက်နေ့တွင် ဘရိုက်တန်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲမတိုင်မီ ၎င်းတို့၏နည်းပြသစ်နေရာ ခန့်အပ်သွားမည်ဟု ယုံကြည်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းမှ စတာလင်ကို ခေါ်ယူရန် စိတ်ဝင်စားမှု တွေနဲ့ ပက်သက်ပြီး တုံံ့ပြန် ပြောဆိုလာတဲ့ ဂွါဒီယိုလာ

ပတ်ဂွါဒီယိုလာသည် မန်စီးတီး တောင်ပံကစားသမား စတာလင် ကို ဘာစီလိုနာအသင်းမှ ခေါ်ယူရန် စိတ်ဝင်စားသကဲ့သို့ တခြားကစားသမားတွေ ကို ပါ ခေါ်ယူရန် ချိတ်ဆက် လာမှု တွေနဲ့ ပက်သက်ပြီး စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။

နူးကမ့်သို့ ဇာဗီ ရောက်ရှိလာပြီးနောက် အပြောင်းအရွေ့ ကောလဟလ သတင်းများ ထွက်ပေါ် လျက် ရှိပြီး မန်စီးတီးအသင်းမှ တောင်ပံကစားသမား စတာလင် ခေါ်ယူရန် သတင်း များလည်း ထွက်ပေါ်လာခဲ့ပါတယ်.။

“ကျွန်​​တော်​တို့မှာ လုပ်​စရာ​တွေ အများကြီးရှိ​နေ​ပေမယ့်​ ဘာစီလိုနာအသင်းက ကျွန်​​တော်​တို့ရဲ့ ကစားသမား​တွေကို စိတ်​ဝင်​စားတယ်​ဆိုရင်​ ကစားသမားတွေ အနေနဲ့ ‌ရွေးချယ် မှု ကို လက်ခံ ယုံကြည်ပေးမှာ ဖြစ်တယ်လို့ ”  ပြောဆိုသွားခဲ့ပါတယ်။ “ဘာစီလိုနာအသင်းက ဆွဲဆောင်မှုထက် ပို၍ ဆွဲဆောင်မှုရှိတဲ့အသင်းတသင်းပါ။

"မြို့၊ ကလပ်အသင်း၊ သမိုင်းကြောင်း နဲ့  နည်းပြတွေအတွက်ရော ၊ ကစားသမားတွေကိုပါ အမြဲတမ်း ဆွဲဆောင်မှုရှိနေလို့ပါ။ ဘာစီလိုနာက ငါတို့ကစားသမားတွေထဲက တစ်ဦးကို စိတ်ဝင်စားတယ်ဆိုရင်တော့ သူတို့ရဲ့ ယန္တရားတွေ စတင် အသက်သွင်း လိမ့်မယ်၊ အဲဒါဟာ...ကမ်းစပ် ကို ဆိုက်ကပ်လာတဲ့ သ‌ဘော တစီး ပါ ပဲလေ။ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာစီလိုနာအသင်းအနေနဲ့  သူတို့လုပ်ချင်တဲ့ အရာတွေကို လုပ်ဆောင် လို့ရပါတယ်။"

စတာလင်သည် မကြာသေးမီလများအတွင်း ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများရှိခဲ့သည့် မန်စီးတီးကစားသမားများစွာထဲမှ တစ်ဦးလည်း ဖြစ်ပါသည်။ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား နဲ့ ပတ်သက်တဲ့ ကောလဟာလတွေဟာ အပြင်းထန်ဆုံးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နောက်ခံလူ Aymeric Laporte နဲ့ Joao Cancelo တို့နှစ်ဉီးကို အဓိက ဉီးတည် ကာ နူးကမ့်ကို ခေါ်ဆောင်ဖို ပစ်မှတ်ထားခဲ့ကြတာဘဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းထံသို့ ဘယ်ကစားသမား  ထွက်ခွာသွားနိုင်မလဲဆိုတဲ့ မေးမြန်းမှုကို ဂွာဒီယိုလာက “ကျွန်တော် လည်း မပြောတတ်ပါဘူး လို့ ဆိုသည်။

စတာလင်သည် ယခု ရာသီတွင် ပရီးမီးယားလိဂ်တွင် ကိုးပွဲပါဝင်ကစားထားသော်လည်း

ယင်းတို့အနက်မှ (၃)ပွဲ သာ ပွဲထွက်စတင်ပါဝင်လာခဲ့သည်။

လက်ရှိအချိန်အထိ မန်စီးတီးအသင်း၏ ချန်ပီယံလိဂ်ပွဲ လေးပွဲကစားအပြီးတွင် တစ်ကြိမ်သာ ပွဲထွက်ကစားခွင့်ရထားပြီး ပုံမှန်မိနစ်များများ ကစားခွင့် ရရှိစေရန် လမ်းဖွင့်ပေးထားသည်ဟု သိရသည်။

အန်တိုနီယိုကွန်တီလက်အောက်ရှိ အဲရစ်ဆင် ရဲ့ ဘဝရှေ့ရေးနဲ့ ပက်သက်လို့ မေးမြန်းခဲ့တဲ့ Pierre-Emile Hojberg

တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကစားသမား Pierre-Emile Hojbjerg က
နည်းပြသစ် အန်တိုနီယိုကွန်တီလက်ထက်တွင်
အဲရစ်ဆင် ဘဝရှေ့ရေးနှင့်ပတ်သက်လို့ အကြံဉာဏ်ရယူ စကားပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကွန်တီသည် 2020 ခုနှစ် ဇန်နဝါရီလတွင်
အင်တာမီလန်သို့ အဲရစ်ဆင်ကို
ခေါ်ယူခဲ့တာဖြစ်ပြီး
ကွင်းလယ်ကစားသမား အဲရစ်ဆင်မှာ
ပွဲကစားချိန် မိနစ်များများစားစား မရရှိခဲ့ပေ။
သူအနေနဲ့ ၎င်း၏ ပထမခြောက်လတွင်
ရှစ်ပွဲသာကစားခဲ့ရပြီး 2020/21 တွင်
အမှတ်​ပေး ချန်ပီယံဖလားပွဲစဉ်တွေအတွက်
နောက်ထပ် 17 ပွဲ သာ ကစားခဲ့သည်။

ထိုဖြစ်ရပ်များအား. . စိတ်ထဲတွင်တွေးထားပြီး Hojbjerg က
သူသည် အဲရစ်ဆင် နှင့် ကွန်တီ ၏
ကစားသမားဟောင်းဖြစ်သည့်
ချဲလ်ဆီး ဗဟိုနောက်ခံလူ ခရစ်စတန်ဆန် နှင့် စကားပြောခဲ့ပြီး
အီတလီ မှာ ဘဝရှေ့ရေးက
မည်သို့မည်ပုံ ဖြစ်လာနိုင်မလဲဆိုတာနဲ့
ပက်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

“ကျွန်တော် သူ့ကို တခြားကမ္ဘာ့မှာ နေတဲ့
သူတယောက်လိုတွေလိုပဲ သိပါတယ်။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရတော့ မဟုတ်ပါဘူး” ဟု TV3 သို့ ပြောကြားခဲ့သည်။ “အင်တာမီလန်မှာ ရှိနေတဲ့ ခရစ္စတီယာနို အဲရစ်ဆင်နဲ့ ချဲလ်ဆီးမှာ သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ခရစ်စတန်ဆန် နဲ့ ကျွန်တော် သူ့အကြောင်း ပြောခဲ့ပါတယ်။

“အခု ကွန်တီ ရဲ့ တုံ့ပြန် ပြုမူ ပုံက
အပြုသဘောဆောင်တဲ့ပုံပါပဲ၊
ဘာဖြစ်လို့လဲဆိုတော့
သူက. . .ကွင်းတွင်း ကွင်းပြင်မှာပါ
ထိရောက် ပြတ်သားစွာ တုံ့ပြန်တတ် တဲ့
သူတယောက်မိုလို့
ကစားသမားတစ်ယောက်အနေနဲ့
အဲ့ဒီ့အရာတွေက . . .တွန်းအားဖြစ် စေပါတယ်။

“ကျွန်တော် ချဲလ်ဆီးနဲ့ အင်တာမီလန်တို့ရဲ့ ဗီဒီယိုတွေ အများကြီးကြည့်ဖူးပြီး ကျွန်တော့်မှာ အင်တာမီလန်မှာ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Achraf Hakimi နဲ့ လွဲချော်မှုတွေအကြောင်း ပြောခဲ့ဖူးပါတယ်။ သူ့လက်ထက်မှာ ငါဟာ. .အများကြီး တိုးတက်လာလိမ့်မယ်လို့ ပြောပြီး၊ ငါအနေနဲ့ကလည်း အမြန်ဆုံး အဲဒီ့အရာတွေ ဖော်ဆောင်ချင်ပါတယ်။ ကျွန်တော် တကယ်ကြိုးစားရမယ်ဆိုရင် အများကြီးတိုးတက်လာမှာပါလို့ သူကပြောပါတယ်။ တစ်ပတ်အတွင်း ငါဟာ မြင်တွေ့လိုက်ရပီလို့လည်း ဆိုထားပါတယ်။

ကွန်တီ ၏ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် တွင် ကစားကွက်3-4-3 ဖြင့်  အဲဗာတန်အသင်းကို
ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေကျ
ပွဲပြီးဆုံးခဲ့သည်။

Hojberg

နယူးကာဆယ်အသင်းနည်းပြအဖြစ် ဟိုဝီ ကို ခန့်အပ်ခဲ့

နယူးကာဆယ်အသင်းသည် 2024 ခုနှစ် နွေရာသီအထိ စာချုပ်အရ နည်းပြချုပ်အဖြစ် အက်ဒိုင်း ဟိုဝီ ကို ခန့်အပ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။

ဟိုဝီ သည် ပြီးခဲ့သည့်လက စတိဖ် ဘရုစ် အသင်းမှ ထွက်ခွာသွားပြီးနောက် ယာယီတာဝန်ခံ ဂ‌ရေမီ ဂျိုးနစ် ထံမှ လွှဲပြောင်းရယူခဲ့သည်။

အသက် 43 နှစ်အရွယ်ရှိပြီဖြစ်သောသူသည် ယခင်ကလပ် ဘုန်းမောက်အသင်း တွင် ကစားသမားအဖြစ်ပွဲ 300 ကျော်ကစားခဲ့ပြီး League Two မှပရီးမီးယားလိဂ် သို့ နှစ်ကြိမ်တိုင် စွမ်းဆောင်နိုင်ခဲ့ကာ 11 နှစ်တာ ကစားခဲ့ပါတယ်။

“နယူးကာဆယ်ယူနိုက်တက်ရဲ့ ကျော်ကြားမှု နဲ့ သမိုင်းကြောင်းရှိတဲ့ ကလပ်အသင်းတစ်သင်းရဲ့ နည်းပြချုပ်ဖြစ်လာရတာ ဂုဏ်ယူပါတယ်” ဟု ဟိုဝီ က ကလပ်အသင်း ၏ တရားဝင်ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ “ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် လည်း အရမ်းဂုဏ်ယူရတဲ့နေ့တစ်နေ့ပါ။

“ဒါဟာ အံ့သြစရာကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါ၊ ဒါပေမယ့် ကျွန်တော်တို့ ရှေ့မှာ လုပ်စရာတွေ အများကြီးရှိပါသေးတယ်၊ ကစားသမားတွေနဲ့ စတင်လက်တွဲဖို့ လေ့ကျင့်ရေးကွင်းကို ရောက်ဖို့ စိတ်အားထက်သန်နေပါတယ်။”

ဟိုဝီ သည် 2015/16 တွင် ၎င်းတို့၏သမိုင်းတွင် ပထမဆုံးအကြိမ် ဘုန်းမောက်အသင်း ကို ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးခဲ့ပြီး 7 နှစ်အကြာတွင် မန်နေဂျာအဖြစ် ပထမဆုံးတာဝန်ယူကာ 17မှတ် ဖြတ်ကာ League Two မှ တတ်လှမ်းနိုင်ခဲ့သည်။

နယူးကာဆယ်အသင်းဟာ ပြိုင်ပွဲစုံ 11 ပွဲကစားပြီး 5 မှတ်ဖြင့် အဆင့် 19 မှာ ရပ်တည်နေပြီး အောက်ဆုံးကလပ် နောဝှစ် စီးတီး အသင်း နဲ့ ရမှတ်တူညီစွာ ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဟိုဝီ သည် နိုဝင်ဘာလ 20 ရက်နေ့ စနေနေ့တွင် ဘရန့်ဖိုဒ့် အသင်း ကို အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

Former AFC Bournemouth manager agrees deal at St James’ Park until the summer of 2024

အာဆင်နယ် ၁ – ၀ ဝက်ဖို့ဒ်

အာတီတာ ပွဲ ၁၀၀ ပြည့်မြောက် ကစားပွဲ မှာ စိတ်လှုပ်ရှားဖွယ်ရာ အနိုင် နဲ့ ပြေးလမ်းကြောင်းပေါ်မှာ ဆက်လက် ခရီးဆက်ပေးလိုက်တဲ့ စမစ်ရိုဝီ

ကစားသမား စမစ်ရိုဝီ သည် မိုက်ကယ်အာတီတာ၏  ပွဲပေါင်း 100 မြောက် တွင် ဝက်ဖို့ဒ်အသင်းကို 1-0 ဖြင့် အနိုင်ရရှိကာ အာဆင်နယ်၏ ရှုံးပွဲစံချိန် ကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပြီး အာဆင်နယ်အသင်း၏ တတိယမြောက်ဂိုး  ဂိုးသွင်းခဲ့သည်။

ဂိုးသမား ဖိုစတာ  က အူဘာမီးယန်း ရဲ့ ပင်နယ်တီကို  မကာကွယ်ခဲ့မီ ဘူခါရို ဆာကာ သွင်းယူခဲ့တဲ့ ဂိုးကို လူကျွံဘောအနေဖြင့် ပယ်ချခံရပြီး စိတ်ပျက်စရာ ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဖိုစတာ သည် စိတ်အားထက်သန်ပီး အကောင်းဆုံး ပုံစံရှိသော်လည်း 56 မိနစ်တွင် စမစ်ရိုဝီ ၏ သွင်းယူလိုက်တဲ့ဂိုးကို မထိန်းသိမ်းနိုင်ခဲ့ဘဲ တနင်္ဂနွေနေ့က ကစားသည့် Emirates အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသည့် တစ်ခုတည်းသောဂိုးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

အူဘာမီယန်း၏ လေးလံသောထိချက်ကြောင့် ဂိုးရှေ့မှတောင်ပံကစားသမားထံသို့ ပြေးသွားသောအခါတွင် ဆာကာသည် စောစောပိုင်းတွင် ဂိုးသွင်းနိုင်ခဲ့သည်ဟု ထင်ခဲ့သော်လည်း Foster ထက်ကျော်လွန်၍ ရပ်နေခဲ့ကာ VAR စစ်ဆေးမှုအရ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဒန်နီရို့စ်သည်  လာကာဇက်တီကို တွန်းထုတ်လိုက်သောကြောင့် ပင်နယ်တီ ရရှိခဲ့ပေမယ့် အူဘာမီယန်း ရဲ့ ဂိုးရရှိရန် ကြိုးပမ်းမှုဟာ တိကျမှု မရှိခဲ့သလို ဂိုးသမား ဖိုစတာ က  ကယ်တင်နိုင်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ဝက်ဖို့ဒ်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် 14 ကြိမ်စလုံးမှာ အနည်းဆုံး တစ်ကြိမ် ဂိုးသွင်းထားနိုင်ဆဲပါဘဲ။

စမစ် ရိုဝီ

မန်ယူဒါဘီပွဲရှုံးပြီးနောက် ထုံးစံအတိုင်း အကြောင်းပြချက် ပေးလာပြန်တဲ့ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာစီးတီးကို ဒါဘီရှုံးပွဲအပြီးမှာ မန်ယူကစားသမားတွေဟာ “ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ရမယ်” ​​လို့ ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပြီး ပွဲအပြီးအင်တာဗျူးတွေမှာ ဒီလိုစကားမျိုးပြောခဲ့တာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက် ဟာ ပြိုင်ဘက် မန်စီးတီး ကို မယှဉ်နိူင်ခဲ့ကာ အိုထရက်ဖို့ဒ် မှာ

နှစ်သင်းကြားးက ခြေစွမ်း ကွာဟချက် ကို တိတိကျကျ ထုတ်ဖေါ် ထင်ဟပ် ခြင်း မရှိခဲ့ဘဲ  2-0 ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက် မန်နေဂျာ အဖြစ် ဆိုးလ်ရှား ၏ အနာဂတ် နှင့် ပက်သက်ပြီး နောက်ထပ် မေးခွန်း ထုတ်စရာ များ ဖြစ်လာ ခဲ့ပြီး ဖာနန်ဒက်စ် က ရလဒ် နှင့် စွမ်းဆောင်ရည် သည် လုံလောက် မှု မရှိ ခဲ့ကြောင်း ဝန်ခံ သွားခဲ့ သည် ။

ပွဲအပြီးမှာ ဖာနန်ဒက်စ်က “ရလဒ်နဲ့ပတ်သက်ပြီး လူတိုင်း စိတ်ပျက်နေကြတယ်ဆိုတာ သိသာထင်ရှားပါတယ်” ဟု ဖာနန်ဒက်စ်က ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။ “ကျွန်​​တော်​တို့အများကြီးပို​ကောင်း​အောင်​စွမ်း​ဆောင်​နိုင်​တယ်​ဆိုတာ ကျွန်​​တော်​တို့သိပါတယ်​၊ ဒီကလပ်​ကြီးကို ကိုယ်စားပြု​တဲ့ကစားသမားတစ်​​ယောက်​အတွက်​ ဒါကမလုံ​လောက်​ဘူးဆိုတာသိပါတယ်​။ ကိုယ့်ကိုကိုယ် မှန်​ထဲ ပြန်ကြည့်​ရပါမယ်​။

“ပြီးခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ မှတ်ချက်တွေဟာ အောက်တိုဘာလက လီဗာပူးကို ၅-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဟယ်ရီမက်ဂွိုင်းယားပြောသွားတာနဲ့ ထပ်တူနီးပါးပါပဲ။ မက်ဂွိုင်းယားသည် ထိုပွဲအပြီးတွင် ယူနိုက်တက်၏ စွမ်းဆောင်ရည်သည် ပိုမိုဆိုးရွားလာကာ ရှုံးနိမ့်မှု၏ ရှက်ဖွယ်ကောင်းသော ဖြစ်ရပ်အတွက် ပွဲအပြီးတွင် တောင်းပန်ခဲ့သည်။ ယူနိုက်တက် ကစားသမားတွေဟာ သူတို့ရဲ့ သင်ခန်းစာ ယူခဲ့ကြတယ်လို့ နောက်ပိုင်းမှာ သူက ပြောခဲ့ပါတယ်။”

ဖာနန်ဒက်စ် အတိအကျပြောခဲ့တာကတော့ ဒေးဗစ်ဒီဂီယာ ဂိုးပေါက်ကို ကာကွယ်ဖို့ လိုအပ်ပြီး မန်စီးတီးရဲ့ ဒုတိယဂိုးကို အမှားလုပ်မိပေမယ့် စပိန်သားက ဂိုးသွင်းသွားတာကို ထပ်ပြီး လေးစားကြောင်း ဝန်ခံခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ဂိုးတွေ ပေးလိုက်ရတာ အမြဲတမ်း ဆိုးရွားတဲ့ အချိန်ပါပဲ”

ဆိုခဲ့သည်။

Bruno

နည်းပြ ဖရာကီ ကို အသင်းမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း နောဝှစ်အသင်း ကြေငြာ

ဒီရာသီ. . .ပထမဉီးဆုံးအကြိမ် ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရပြီးနောက်

နည်းပြချုပ်ရာထူးမှ  ချက်ခြင်းထုတ်ပယ်ခံလိုက်ရပါတယ်။

ဂျာမန်သားဖြစ်သူ နည်းပြ ဖရာကီသည် နောဝှစ်ခ်ျ၏ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ အဖြစ် ဘရန့်ဖိုဒ်အသင်းကို Brentford 2-1 ဖြင့် အနိုင်ရပြီးနောက် မကြာမီ ထုတ်ပယ်ခံလိုက်ရတာဘဲ ဖြစ်ပါတယ်။

နိုင်ပွဲရရှိခဲ့သော်လည်း နောဝစ်ခ်ျအသင်းမှာ ရမှတ် ငါးမှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံးတွင် ဆက်လက်ရှိနေခဲ့သည်။

“ကျွန်ုပ်တို့၏ဘောလုံးအသင်းအတွက်  အကောင်းဆုံးကို ဆက်လက် ဖေါ်ဆောင်ရာတွင်၊ ဤဆုံးဖြတ်ချက်သည် လွယ်ကူသည်မဟုတ်”ဟု နောဝှစ်ချ်အသင်း အားကစားဒါရိုက်တာ စတူးဝပ်ဝက်ဘ်ဘာ က ကလပ်အသင်း ၏ တရားဝင်ဝက်ဘ်ဆိုက် မှာ ပြောကြားခဲ့သည်။

“ဒီအဆင့်မှာ ဒန်နီရယ်နဲ့ သူ့ဝန်ထမ်းတွေ အောင်မြင်ဖို့ ဘယ်လောက် စိတ်ပိုင်းဖြတ်ထားလဲဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အခုအချိန်က ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် အဆင့်အတန်းကို ဆက်ထိန်းထားနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပေးဖို့ အပြောင်းအလဲတစ်ခုအတွက် သင့်တော်တယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်”။

နည်းပြ ဖရာကီ ရဲ့ ကျောထောက်နောက်ခံ ဝန်ထမ်းတွေဖြစ်တဲ့ Eddie Riemer၊ ၊Chris Domogalla နဲ့ Christopher John တို့လည်း အသင်းမှ ထွက်သွားကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ်။ နောဝှစ်ခ်ျအသင်းသည် နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံတကာ ပွဲစဉ်အပြီးတွင် ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

Farke

အက်စတွန် ဗီလာ အသင်းနဲ့ လမ်းခွဲ လိုက်တဲ့ နည်းပြ ဒင်းစမစ်

အက်စတွန်ဗီလာအသင်းက နည်းပြချုပ် ဒင်းစမစ်နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

သောကြာနေ့က ဆောက်သမ်တန်ကို ၁-၀ ဖြင့် ရှုံးပြီးနောက် ဗီလာအသင်းမှ ထွက်ခွာသွားခဲ့ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ နေရာမှ ရပ်တည်ကာ ငါးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။

အမှုဆောင်ချုပ် Christian Purslow က ကလပ်ရဲ့တရားဝင်ဝဘ်ဆိုဒ်ကိုပြောခဲ့ပါတယ်- ” 2018 ခုနှစ် အောက်တိုဘာလမှာ Dean က ကျွန်တော်တို့အသင်းနဲ့ပူးပေါင်းခဲ့တုန်းက ကျွန်တော်တို့အသင်း ချန်ပီယံရှစ်မှာ တကယ်ရုန်းကန်ခဲ့ရပါတယ်။ သူရဲ့ စွမ်းဆောင်ရည်များနဲ့ ချက်ချင်းပြောင်းလဲကာ ဗီလာကို ပရီးမီးယားလိဂ်သို့ ပြန်လည်ပို့ဆောင်ခြင်းနိုင်ခဲ့ပြီး ဖြင့် နောက်ဆုံးအောင်မြင်မှုကို ရယူပေးခဲ့သည်။

“ ပြီးခဲ့တဲ့ရာသီက ကောင်းမွန်တဲ့ စတင်မှု ဖြစ်လာခဲ့ပေမယ့်၊ ဒီနှစ်မှာတော့ ကျွန်တော်တို့အားလုံး ရှာဖွေနေတဲ့ ရလဒ်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ လိဂ်အနေအထားတွေမှာ စဉ်ဆက်မပြတ် တိုးတက်လာတာကို မတွေ့ခဲ့ရပါဘူး။

“ဒီအချိန်အတွင်းမှာ သူ့ရဲ့ ကောင်းမွန်တဲ့ အောင်မြင်မှုတွေ၊ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ သူ့ရဲ့ အောင်မြင်မှုတွေ အများကြီးပေးခဲ့တဲ့ Dean ကို ဘုတ်အဖွဲ့အနေနဲ့ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ချင်ပါတယ်။ Dean နဲ့ သူ့မိသားစုအတွက် Aston Villa က ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ အက်စတွန်ဗီလာနှင့်ဆက်စပ်သူတိုင်းက ကျွန်ုပ်တို့၏ဝန်ထမ်းများ၊ ကစားသမားများနှင့် အားပေးသူများ တူညီစွာ ကြိုက်နှစ်သက်ကြပြီး လေးစားလေးစားမှုဖြင့် ကလပ်ကို ကွဲပြားပြီး ဂုဏ်သိက္ခာရှိစွာ ကိုယ်စားပြုခဲ့သည်။”

အချိန်တန်ရင် သူတို့ရဲ့ မန်နေဂျာသစ်အတွက် အပ်ဒိတ်တစ်ခု ပေးသွားမယ်လို့ ဗီလာက ပြောပါတယ်။

နိုင်ငံတကာပွဲတွေအပြီးမှာ သူတို့ဟာ ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

Dean Smith

အောက်တိုဘာ -တလတာ အကောင်းဆုံး နည်းပြ နဲ့ ကစားသမားများ ဇကာတင်စာရင်းထွက်ပေါ်လာ


အောက်တိုဘာလအတွက် တလတာ
အကောင်းဆုံး နည်းပြ ၄ ဉီး ဇကာတင် စာရင်း
ထွက်ပေါ်လာခဲ့သည်။ အဆိုပါ နည်းပြ ၄ ဉီးမှာ
လီဗာပူးအသင်း နည်းပြ ကလော့
အဲဗာတန်အသင်း နည်းပြ မိုးရက်စ်
ချဲလ်ဆီးအသင်းမှ နည်းပြ တူချယ် နဲ့
ပဲလေ့စ် အသင်း နည်းပြ ဗီအာရာ တို့ဘဲ
ဖြစ်ပါတယ်။

အောက်တိုဘာ
တလတာ အကောင်းဆုံး ကစားသမား ၈ ဉီး
ဇကာစာရင်းတွင် ပါဝင်လာသည်။အဆိုပါ
ကစားသမား ၈ ဉီးမှာ
ဘန် ချီဝဲ (ချဲလ်ဆီး)
မက်စ်ဝဲလ် ကော်နက် (ဘန်လေ)
ဖီး ဖိုဒမ် (မန်စီးတီး)
တီနို လီရာမန်တို (ဆောက်သမ်တန်)
အေရွန် ရမ်စ်ဒဲလ် (အာဆင်နယ်)
ဒက်လန် ရိုက်စ် (ဝက်စ်ဟမ်း)
ဆာလတ် (လီဗာပူး)
ယူရီ တိုင်လီမန်းစ် (လက်စတာ)
စတဲ့ ကသားသမားများ ပါဝင်လာခဲ့ပါတယ်။