အာဆင်နယ်အသင်းကို အခက်တွေ့သွားစေမယ့် ကစားအား နဲ့ နေရာယူမှု ကို ပိုင်ဆိုင်ထားတဲ့ ဝက်ဖို့ဒ်

အစီအစဉ် တင်ဆက်သူ လည်း ဖြစ်သလို
ဂျာနယ်လစ်တယောက်လည်း ဖြစ်တဲ့
အေဒရီယမ် ကလာခီသည် ဝက်ဖို့ဒ် အသင်းရဲ့အဓိက အချက်အချာ
နည်းဗျူဟာ ရလဒ်တွေ ကို အခြေခံကြည့်ရှုပြီး၊
ဘယ်ကစားသမား​တွေက ပွဲစဉ်၁၁ မှာ
ဘယ်လို ဖြစ်လာမလဲဆိုတာ အခုလို
သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

နည်းပြ ရာရီနေရီ သည်
ကလပ်အသင်း ရှေ့တန်း ရဲ့ အရှိန်အဟုန် နှင့် ကစားအားကို အသုံးပြုပြီး
ကွင်းထဲမှာ. .
ဝက်ဖို့ဒ်အသင်း ကို အဆိုပါ ပုံစံ အတိုင်း
ထပ်မံ ကစားနိူင်ဖို့ရာ
နည်းပြချုပ်သစ် ၏ နည်းဗျူဟာမြောက် ချဉ်းကပ်မှု  မှာ. .
အခြေခံကျကျ စတင်နေပြီ ဘဲ ဖြစ်သည်။

လီဗာပူးကို အိမ်ကွင်းမှာ 5-0 ရလဒ်ဖြင့်
ရှုံးနိမ့်ခဲ့ပြီး ခက်ခဲတဲ့ အစကို
ကြံ့ကြံ့ခံပြီး နောက်မှာတော့
နည်းပြ ရာရီနေရီသည် ဝက်ဖို့ဒ်အသင်းကို
မြန်မြန်ဆန်ဆန် နဲ့ ကစားကွက် ကို 4-1-4-1 ပုံစံနဲ့ စတင်တည်ဆောက်ခဲ့ပါတယ်။

ဝက်ဖို့ဒ် အသင်း အနေနဲ့
နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်မှာတော့ အဲဗာတန်ကို 5-2 ရလဒ် ဖြင့် အောင်မြင်စွာ
အနိူင်ရ စွမ်းဆောင်နိုင်ခဲ့ကာ
လာမည့်တနင်္ဂနွေနေ့ အမ်းမရိတ်စ်ကွင်း၌
အာဆင်နယ်နှင့် ရင်ဆိုင်ရမည့် ပွဲ မှာ လည်းတိုက်စစ်ဆင်မှုနဲ့ ပက်သက်လို့
ယခင်ပွဲကအတိုင်း တထပ်တည်းကျအောင်
ကြိုးပမ်းသွားလိမ့်မှာဘဲ ဖြစ် ပါတယ်။

2021/22 ပရီးမီးယားလိဂ် ရာသီအစောပိုင်း
ပွဲစဉ် များနှင့်  နောက်ဆုံး ကစားပွဲ ၃ ပွဲ ကို
နှိုင်းယှဉ် ကြည့်ပါက ဝက်ဖို့ဒ်အသင်းသည်
နောက်ပိုင်း ပွဲစဉ်တွေမှာ
သိသိသာသာ Passing ပိုမို ပြုလုပ် စွမ်းဆောင်ထားနိူင်ခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်း တိုက်စစ်မှူး ဂျိုရှုရာ ကင်း မှာ
ပြိုင်ဘက်အသင်းရဲ့ ခံစစ် နဲ့ ဂိုးတိုင်နားထိ ပါ
နီးကပ်စွာ ကစားနိူင်ခြင်းကို
နည်းပြ ရာရီနေရီအနေနဲ့ ဝမ်းမြောက်နေပြီး
ဖြစ်နိုင်မယ်ဆိုရင်
တောင်ပံကစားသမား အစ်မိုင်လာ နဲ့
ကူချို ဟာနန်ဒတ် တို့ကိုလည်း
အလားတူ လုပ်ဆောင်နိူင်ရန် သူ့အနေနဲ့တိုက်တွန်းသွားမှာဘဲ ဖြစ်ပါတယ်။

အီတလီ နည်းပြတယောက်အနေနဲ့
အန္တရာယ်များပြီး စွန့်စားရတဲ့ အခန်းကဏ္ဍ
ဖြစ်ပေမယ့်  ဝက်ဖို့ဒ်အသင်း ကို သူ ပုံဖော်လိုတဲ့
အသင်းရဲ့ ရှေတန်း မှာ Passing နဲ့ Possession
ပိုမို ရရှိဖို့ စိတ်ဆနဒ ပြင်းပြနေပါတယ်။

ကစားသမား အစ်မိုင်လာ၊ ဂျိုရှုရာ ကင်း နဲ့ ဒမ်နစ်တို့၏ ကစားအား တိုက်ရိုက် မြန်နှုန်းတို့မှာ
နည်းပြရာရီနေရီရဲ့ နည်းဗျူဟာအသစ်အတွက်
အဓိကသော့ချက် ဘဲ ဖြစ်ပါတယ်။

အစ်မိုင်လာနဲ့ ဂျိုရှုရာကင်း ကစားသမားနှစ်ဉီးသည် ပရီးမီးယားလိဂ် အမြန်ဆုံး တိုက်စစ်ဆင် ကစားသမားတွေထဲမှာ အဆင့် ၁၄ နဲ့ ၁၅ နေရာမှာ
ရပ်တည်နေပါသည်။

ရှေ့တန်းမှာ . .နှစ်ယောက်စလုံးက
ကန်တင်ပြေး  ကောင်တာဆန်ဆန်နဲ့ နေရာလွတ်တွေကို ထိုးဖော်နိူင်တာကြောင့် အဆိုပါကစားသမားနှစ်ဉီးမှာ မယုံနိုင်လောက်အောင် အန္တရာယ်များတဲ့ ပလေယာတွေ လည်း
ဖြစ်ပါတယ်။

ဒါကြောင့် အစ်မိုင်လာ နဲ့ ဂျိုရှုရာ ကင်း တို၏
ဂိုးပေါက်ကို ထိုးဖောက် ခြိမ်းခြောက်မှုကို
အာဆင်နယ်အသင်း ကိုင်တွယ် မဖြေရှင်းနိူင်ပါက
ဝက်ဖို့ဒ်အသင်းအတွက် ပွဲစဉ်၁၁ ခရီးစဉ် ဟာ
ချိုမြိန်တဲ့ ရလဒ် ကောင်းတွေ ဖြစ်လာနိူင်တယ်လို့
သုံးသပ် ပြောဆိုထားပါတယ်။





အသင်းဟောင်း ဂျူဗင် နဲ့ ပြန်လည် ပူးပေါင်းဖွယ်ရှိသည့် မန်ယူ ကစားသမား ပေါ့ဘာ

ဒီရာသီ အကုန် မှာ မန်ယူ ကစားသမား ပေါ့ဘာသည် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

မန်ယူအသင်းမှာလည်း ပေါ့ဘာ စာချုပ် ကိစ မဲ့ပက်သက်လို့ ထပ်မံ ပြောဆိုမှုတွေမရှိသလို အလွတ်ပြောင်းရွေ့ကြေးနဲ့ တခြားအသင်းသို့ လက်လွတ်လိုက်ဖို့ရာလည်း မလိုလားတဲ့အတွက် လာမယ့် နွေရာသီ မှာ ရောင်းချသွားမည်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသည်။

အဲ့လို ထွက်ပေါ်နေတဲ့ သတင်း တွေ အကြား
ပီအက်စ်ဂျီ ၊ ရီးရဲလ် နဲ့ ဂျူဗင် အသင်းကြီးမှ အပြိုင်အဆိုင်ခေါ်ယူ ရန် စိတ်ဝင်စားလျက် ရှိနေပြီး အသက် ၂၈ နှစ် အရွယ် ကစားသမား
ပေါ့ဘာ အနေနဲ့
တဂယ်တမ်း အသင်းပြောင်းရွေ့ သွားခဲ့ပါက
ယခင်အသင်းဟောင်း ဂျူဗင် အသင်းနဲ့ ပြန်လည်
လက်တွဲ ဖို့ ရှိကြောင်း သိရသည်။

Man Utd Player Pogba

စပါးစ် နည်ပြသစ် ဖြစ်လာသည့် ကွန်တီ

မျှော်မှန်းထား သလို ဖြစ် မလာဘဲ ရလဒ်ဆိုး ဖြစ်ပေါ်လာတာကြောင့် နူနို အား ထုတ်ပယ် ပြီး
အစားထိုး နည်းပြအဖြစ် ကွန်တီအား ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း စပါးစ်အသင်းမှ တရားဝင်
ထုတ်ပြန် ကြေငြာ လိုက်ပါတယ်။

နည်းပြ ကွန်တီ မှာ ချဲလ်ဆီး ၊ ဂျူဗင် နဲ့
အင်တာမီလန် စတဲ့ အသင်းကြီး တွေကို ကိုင်တွယ် နည်းပြခဲ့သူ တဉီး ဖြစ်ပါတယ်။ ယခင် ချဲလ်ဆီးအသင်းကို ကိုင်တွယ်
နည်းပြခဲ့သည့်၂၀၁၆-၁၇ ရာသီတွင်
ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် အက်ဖ်အေဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သလို
အင်တာမီလန်သို့ ပြောင်းရွှေ့နည်းပြခဲ့စဉ်ကလည်း စီးရီးအေချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည့်
နည်းပြကောင်း တဉီးလည်း ဖြစ်ပါသည်။

ကွန်တီမှာ စပါးအသင်းကို
တစ်နှစ် လုပ်လစာပေါင် ၁၃ သန်းနှင့်အတူ
တနှစ်ခွဲ စာချုပ်နှင့် ကိုင်တွယ်သွားမည်ဖြစ်သလိုစာချုပ်သက်တမ်းကုန်ချိန်တွင် အသင်းနှင့်စာချုပ်သက်တမ်းတိုးခွင့်ရှိသည့်
သဘောတူညီချက်လည်းပါဝင်ကြောင်း
သိရသည်။

Spur`s New Coach Conte

လာမယ့် ဆောင်းရာသီ အတွတ် ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာ အသုံးပြု ရန် Nike Company မှ

ဘောလုံး ဒီဇိုင်းပုံစံ အသစ် တရားဝင် ထုတ်ပြန် ကြေငြာ ခဲ့

ဆောင်းရာသီ ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာ အဆင်ပြေစွာ အသုံးပြု နိူင်ဖို့ ဘောလုံး ပုံစံအသစ်ကို

Nike Cpmpany မှ Comic ဆန်ဆန် ဒီဇိုင်း ရေးဆွဲ ထုတ်လုပ်လိုက်ပြီးကြောင်း တရားဝင်

ထုတ်ပြန် ကြေငြာ ခဲ့ သည်။

အဆိုပါ ‌ဘောလုံး ဒီဇိုင်း ပုံစံ အား ၁၉၃၈ နဲ့ ၁၉၅၆ ခုနှစ်ကြား Comic book စာအုပ် တ အုပ် ဖြစ်သည့်

“Golden Age” မှ ပုံရိပ် များကို ကိုးကား အသုံးပြု ထုတ်လုပ် ဒီဇိုင်းရေးဆွဲထားပြီး ဘောလုံး အောက်ခံအရောင်မှာ အဝါရောင် ၊ အပြာရောင် ၊ လေဆာကြေးသွေး‌ရောင် နဲ့ အဖြူရောင် တို့ ပေါင်းစပ် ရေဆွဲ ထုတ်လုပ်ထား‌သည်။

ကစားသမား အဖို့ ကွင်း အတွင်း အဆင်ပြေ ချောမွေ့ စွာ ကစားနိုင်ရန် ရည်ရွယ် ထုတ်လုပ်ထားပြီး ပရိတ်သတ် တွေအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ဖြစ်သည့် သောကြာနေ့ ည ၂ နာရီခွဲ မှာ ယှဉ်ပြိုင်ကစားမည့် ဆောက်သမ်တန် နဲ့ အက်စတွန် ဗီလာ ပွဲစဉ် မှာ ပထမဉီးဆုံး တွေ့မြင် ရ မှာ ဘဲ ဖြစ်ပါတယ်။

Hi-Vis Premier League Nike Flight Football

မန်ယူအသင်းကို ရှုံးနိမ့် ခဲ့ပြီးနောက်နူနိုအား စပါးစ်နည်းပြ အဖြစ်မှ ထုတ်ပယ်

ပြီးခဲ့တဲ့ စနေနေ့က မန်ယူ အသင်း ကို သုံးဂိုး ဂိုးမရှိ ရှုံးနိမ့် ခဲ့သည့် နောက် နူနို အား စပါးစ်အသင်း နည်းပြ အဖြစ်မှ ထုတ်ပယ်ခံခဲ့ပြီ ဘဲ ဖြစ်ပါတယ်။

ကလပ်အသင်း ဉကဌ ဖြစ်သူ ဒယ်နီရယ် လီဗီ နဲ့
ဒါရိုက်တာ ဖာဘရီယို ပါရာတီစီ တို့သည်
အသက် ၄၇ နှစ်အရွယ်
ယခင် ဝုဗ် အသင်း နည်းပြ ဖြစ်သူ နူနို အား
ပြီးခဲ့သည့် ဇွန် လ က ၂ နှစ် သက်တမ်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး ကိုင်တွယ် နည်းပြ ခဲ့တဲ့ လေးလတာ ပြီးဆုံးချိန်မှာတော့ အသင်း အတွက် မျှော်မှန်းထားသလို ဖြစ်မလာတာကြောင့် ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။

နူနို အစား ကွန်တီအား စပါးစ်နည်းပြအဖြစ် ခန့်အပ်ရန် ပြင်ဆင်နေပြီး ပထမအကြိမ် ကမ်းလှမ်းတုန်းက အသင်း အား စိတ်ကြိုက်ပြင်ဆင်ခွင့် မရရှိခဲ့တာကြောင့် ကွန်တီ မှ ပယ်ချ ခဲ့ပြီး ယခု အကြိမ် ကမ်းလှမ်းမှု မှာတော့ စပါးစ်နည်းပြ သစ် ဖြစ်လာဖို့ရာ တဖြည်းဖြည်း နီးစပ်လာခဲ့ပြီဘဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ နောက်ဆုံး လက်ကျန်ပွဲစဉ် ဝုဗ် – အဲဗာတန် ပွဲ ကြို သုံးသပ်ချက်

နှစ်သင်းစလုံး ရဲ့ ခြေစွမ်းက ပုံမှန် အနေအထား ရှိနေပြီး အိမ်ကွင်း ဖြစ်သည့် ဝုဗ် အသင်းအနေနဲ့
အမှား မခံ ဘဲ သတိထား ထိန်း ကစားပြီး သရေတမှတ် အနိမ့်ဆုံး ရယူ လိမ့်မယ် ထင်မြင်မိပါတယ်။
အဲဗာတန် အနေနဲ့က လည်း ထိန်းကစား အနေအထားမျိုး ရှိနေတာကြောင့် နှစ်သင်းစလုံးရဲ့ သရေတမှတ် ညီမျှတယ် လို့ ဆို ရမှာ ဘဲ ဖြစ်ပါတယ်။

ဝုဗ် ၁ – ၁ အဲဗာတန် (ခန့်မှန်း)
ပျမ်းမျှ ဂိုးပေါင်း အရေအတွက် ၂ ဂိုး (ခန့်မှန်း)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့
အဝေးကွင်းမှာ သွားရောက်
ယှဉ်ပြိုင်ကစားရသည့် အသင်းတော်တော်များများ ရလဒ် ကောင်းများ ပိုင်ဆိုင်ခဲ့ကြပြီး ယခု
ဝုဗ် – အဲဗာတန် ပွဲစဉ် မှာရော. .
ဘယ်လို မျိုးပြီးဆုံးသွားမလဲဆိုတာ
စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

Wolves Vs Everton

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီး Clean Sheetsအများဆုံး ရယူထားနိူင်တဲ့ အသင်း ၁၀ သင်း

၁၀.စပါးစ် အသင်း  ၃ ကြိမ်
၉.ပဲလေ့စ် အသင်း ၃ ကြိမ်
၈.ဘရန့်ဖိုဒ် အသင်း  ၃ ကြိမ်
၇.အက်စတွန်ဗီလာ အသင်း ၃ ကြိမ်
၆.ဆောက်သမ်တန် အသင်း ၄ ကြိမ်
၅.ဘရိုက်တန် အသင်း ၄ ကြိမ်
၄.အာဆင်နယ် အသင်း ၄ ကြိမ်
၃.မန်စီးတီး အသင်း ၆ ကြိမ်
၂.လီဗာပူးအသင်း ၆ ကြိမ်
၁.ချဲလ်ဆီးအသင်း ၇ ကြိမ်
Source. .PL

အဝေးကွင်း နိူင်ပွဲ ကိုယ်စီနဲ့ လက်ကျန်ပရီးမီးယားလိဂ် ပွဲစဉ်၁၀

နောဝှစ် – လိဒ်

ချဲလ်ဆီးအသင်းကိူ ၇ ဂိုးပြတ် ရှုံးနိမ့်ထားတဲ့ယနောဝှစ်အသင်းသည် ဒီအပတ် လိဒ် ယူနိုက်တတ်အသင်းကို အိမ်ကွင်းမှာ ထပ်မံရှုံးနိမ့်ခဲ့ပြီး
ရမှတ် ၂ မှတ်သာ ပိုင်ဆိုင်ထားပြီး တန်းဆင်းဇုံ
ဇယား အောက်ဆုံး မှာ ရပ်တည်နေခဲ့ပါတယ်။
နောဝှစ် ၁ – ၂ လိဒ်
ရာဖင်ဟာ ၅၆ မီနစ်
အိုမိုဘာမီဒီလီ ၅၈ မိနစ် (နောဝှစ်)
ရိုဒရီဂို ၆၀ မိနစ်

လိဒ်ယူနိုက်တတ် အသင်း အနေနဲ့ နော်ဝှစ် ကို
အနိူင်ရရှိပြီးနောက် ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၁၇ မှာ ရပ်တည် နေလျက် ရှိပါသည်။

အက်စတွန် ဗီလာ – ဝက်စ်ဟမ်း

တယောက်လျော့ အက်စတွန် ဗီလာအသင်းကို
ဝက်စ်ဟမ်း အသင်းက လေးဂိုး တဂိုးဖြင့် ဂိုးပြတ်
အနိူင်ယူခဲ့ပြီး အမှတ် ပေး ဇယား ရပ်တည်မှု ၄ မှာ
ဆက်လက် ရပ်တည်နေလျက် ရှိပါတယ်။

ဝက်စ်ဟမ်း အသင်း သည် ဒီရာသီမှာ ခြေစွမ်းမှန်မှန် နဲ့ ရမှတ်ကောင်းတွေ ပိုင်ဆိုင်ထားနိူင်ခဲ့ပြီး
ပွဲစဉ် ၁၀ အပြီးထိ အလားအလာ ကောင်းနေခဲ့ပါတယ်။

အက်စတွန် ဗီလာ ၁ – ၄ ဝက်စ်ဟမ်း
ဗန် ဂျွန်ဆင်  ၇ မိနစ်
အိုလီ ဝတ်ကင်စ် ၃၄ မိနစ် (ဗီလာ)
ဒက်လန် ရိုက်စ် ၃၈ မိနစ်
ကွန်ဆာ အနီကတ် (ဗီလာ)
ပါဘရို ဖော်နယ်စ် ၈၀ မိနစ်
ဂျာရော့ ဘိုဝင် ၈၄ မိနစ်

Matchweek 10 Sunday Premier League Results and Facts

နယူးကာဆယ် အသင်းကို အနိူင်ရရှိခဲ့တဲ့ ပွဲကို ဘာကြောင့် လွဲချော်ခဲ့ရသလဲဆိုတာ ထုတ်ဖော်ပြောဆိုလာတဲ့ ချဲလ်ဆီး ကစားသမား မက်ဆန် မောင့်

ချဲလ်ဆီး ကွင်းလယ်ကစားသမား မက်ဆန် မောင့် သည် နယူးကာဆယ် အသင်း ကို ၃ – ၀ ရလဒ်ဖြင့် အနိုင် ရရှိခဲ့သည့် ပွဲ မှာ ကို ဗစ် ရောဂါ ကူးစက် ခံ ရမှုကြောင့် မဟူတ်ဘဲ သာမန် ဖျားနာမှုကြောင့် ပွဲ လွှဲချော် ခဲ့ ခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆို လာခဲ့သည်။

ချဲလ်ဆီးအသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားတွေထဲက တယောက် ဖြစ်ပြီး မက်ဆန် မောင့် သည် ပြီးခဲ့တဲ့ အပတ် ပွဲ စဉ် မှာတူန်းက နောဝှစ်အသင်းကို ၇ ဂိုး ပြတ် ဖြင့် အနိုင်ရရှိခဲ့ပြီး Hat-trick ရယူ ထားနိူင်ခဲ့ပါတယ်။နယူးကာဆယ် နဲ့ ယှဉ်ပြိုင်ကစားမည့် လူစာရင်း ထွက်ပေါ် လာသည်အထိ မက်ဆန် မောင့် မပါဝင် သည့် အကြောင်း ပြောဆို ထားမှု တွေ မရှိ ပေမယ့် ပွဲ ပြီး ဆုံး သွားချိန် မှာတော့

မက်ဆန်မောင့် က တွစ်တာမှာ အခုလို ပိုစ့် တင်ခဲ့ပါတယ်။

“ကစားပွဲကို လွဲချော်ခဲ့ရလို့ စိတ်ပျက်မိပေမယ့် အနိုင်ရရှိ ဖို့အတွက် အသင်းသားတွေ ရဲ့ စွမ်းဆောင်ရည် က တဂယ့်ကို ကောင်းမွန် ပါတယ် ။ နောက် နှစ် ရက် တာ အတွင်း ပြန်လည် ကောင်းမွန် လာလိမ့် မယ် လို့ လည်း မျှော် လင့် မိ ကြောင်း

ရေးသား ဖေါ်ပြ ခဲ့ပါတယ်။

နည်းပြ သောမတ်စ် တူချယ် ရဲ့ ထပ်လောင်းပြောဆိုမှုကတော့….

ကနဉီး ပွဲထွက် ဖို့ရာ စီမံမှု တွေ ရှိခဲ့ ပေမယ့် သန်းခေါင်ယံ အချိန် မှာ အဖျားကြီး နေမကောင်းခဲ့မှုကြောင့်

နေအိမ် တည်ရှိရာ လန်ဒန် သို့ ပို့ဆောင်ပေးခဲ့ကြောင်း ‌ပြောဆိုခဲ့သည်။

ချဲလ်ဆီး အသင်းသည် မကြာသေးမီ ရက်သတ္တပတ် အတွင်းမှာ ဒဏ်ရာရ ကစားသမား တချို့ ရှိနေခဲ့ပေမယ့်ကလပ် အသင်း ရဲ့ ကစား သမား ဒဏ်ရာရ ပြဿနာ ကြောင့် တူချယ် ရဲ့ အသင်းမှာ စနေနေ့ ပွဲစဉ် နဲ့ ပက်သက်ပြီး ဆိုးရွားတဲ့ အကျိုး သက်‌ရောက်မှု မရှိကြောင်း လည်း တွေ့မြင်ခဲ့ရပါတယ်။

Mason Mount

တနင်္ဂနွေ နေ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် များ ပွဲကြို သုံးသပ်ချက်

နောဝှစ် – လိဒ်

ချဲလ်ဆီး အသင်းကို ၇ ဂိုးပြတ် ဖြင့် ရှုံးနိမ့် ခဲ့သည့် နောဝှစ်အသင်းသည်  ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ၌ လိဒ် ယူနိုက်တတ် အသင်းကို အိမ်ကွင်း မှာ .. လက်ခံ ယှဉ်ပြိုင်ကစားရမှာ ဘဲ ဖြစ်ပါတယ်။နောဝှစ်အသင်း အနေနဲ့ ရမှတ် ၂ မှတ် သာ ရရှိ ထားပြီး အမှတ်ပေးဇယားရပ်တည်မှု မှာ လည်း ‌နောက်ဆုံး အဆင့် မှာ ရပ်တည် နေ လျက် ရှိ နေပါတယ်။

အိမ် ကွင်း ပွဲ စဉ် ဖြစ်တာ‌ကြောင့် နောဝှစ် အသင်းအနေနဲ့ ယခု ပွဲစဉ် ကို ရမှတ် တမှတ် အနိမ့်ဆုံး ရရှိနိူင်အောင် စွမ်းဆောင် လိမ့် မယ် လို့ ထင်မြင်မိ ပီး လိဒ် ယူနိုက်တတ် အသင်း ကလည်း ခြေကုန် ထုတ် ကန် သွားဖို့ ရှိနေ ပါတယ်။ ဒါ့ကြောင့် နှစ်သင်းစလုံး အတွက် သ‌ရေတမှတ် ခွဲ ယူ သွားပါလိမ့်မယ်။ ဂိုးမြူးမယ့် ပွဲတပွဲ လို့ လည်း ထင်မြင် မိပါတယ်။

နောဝှစ် ၂ – ၂ လိဒ် ယူနိုက်တတ် (ခန့်မှန်း)

ပျမ်းမျှ ဂိုးပေါင်း အရေအတွက်  ၃ လုံး (ခန့်မှန်း)

အက်စတွန် ဗီလာ – ဝက်စ်ဟမ်း

သုံးပွဲဆက် ရှုံးနိမ့်ထားသည့် အက်စတွန် ဗီလာ အသင်း အနေဖြင့် ယခု အိမ်ကွင်း ပွဲစဉ် မှာ ခြေကုန် ထုတ် ရုန်းကန် သွားပါလိမ့်မယ်။ဝက်စ်ဟမ်း အသင်း ကလည်း ပုံမှန် ခြေစွမ်း ပြသနေတာ‌ကြောင့် တသင်းနဲ့တသင်း  မြိုင်မြိုင် ဆိုင် ဆိုင် ဖြစ်မည့် ပွဲ တ ပွဲ လို့ လည်း ထင်မြင်မိပါတယ်။

အက်စတွန် ဗီလာ ၂ – ၁ ဝက်စ်ဟမ်း (ခန့်မှန်း)

ပျှမ်းမျှ ဂိုးပေါင်း အ‌‌ရေအတွက် ၃ လုံး (ခန့်မှန်း)