ဝေဖန်မှုတွေကို လုပ်ရပ် နဲ့ သက်သေပြ နေတဲ့ အာဆင်နယ် ဂိုးသမား အေရွန် ရမ်စ်ဒဲလ်

အာဆင်နယ်အသင်း သည် ဂိုးသမား အေရွန် ရမ်စ်ဒဲလ် ကို ခေါ်ယူခဲ့စဉ်က ဝေဖန် မှု တွေ မြင့်တတ်ခဲ့ပေမယ့်

တပွဲ ပြီး တပွဲ လက်စွမ်းပြ နေပြီး စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ လက်စတာ ကင်းပါဝါ ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲစဉ်မှာလည်း လက်စွမ်းပြ ကာကွယ် နိူင်ခဲ့ပြီး ၀ – ၂ ရလဒ်ဖြင့် အနိုင် ရ ခဲ့သလို Clean Sheet ရယူနိူင်ခဲ့ပါတယ်။

တချိန်က …မန်ယူ ကစားသမားဟောင်း ဂိုးသမား ပီတာ ရှမိုက်ကယ် မှလည်း လက်စတာနဲ့ ပွဲစဉ် ၌ ရမ်စ်ဒဲလ်ရဲ့ ပုတ်ထုတ်ကာကွယ်မှုကို ဒီနှစ်တွေထဲ မြင်ရခဲတဲ့ အကောင်းဆုံးကာကွယ်မှု လို့ မှတ်ချက်ပြု ချီးကျူး သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းသည် စက်တင်ဘာ လ တုန်းကလိုဘဲ ယခု အောက်တိုဘာလမှာလည်း ရှုံးပွဲ မရှိ ဖြတ်သန်းနိုင်ခဲ့ပြီး အေရွန် ရမ်စ်ဒဲလ် ရဲ့ စွမ်းဆောင် ရည် မှာ ကလပ်အသင်းအတွက် တစိတ်တဒေသ ပါဝင်ပက်သက် နေလျက် ရှိနေပါတယ်။

လက်စတာစီးတီး အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ် ၌ ဂိုးသမား အေရွန် ရမ်စ်ဒလ် ၏ စွမ်းဆောင်နိူင်မှုများ

8 Saves

4 Saves from inside the box

4 Big chances saved

2 High claims

Clean Sheet

MOTM

Aron Ramsdale

အာဆင်နယ် ၊ ချဲလ်ဆီး ၊ မန်ယူ အသင်းတို့ ဂိုးပြတ် အနိုင် ရခဲ့ ပြီး  မမျှော်လင့်ဘဲ ရှုံးနိမ်ံ့ခဲ့တဲ့ မန်စီးတီး နဲ့

စနေနေ့ ပရီးမီးယားလိဂ် ပွဲပြီး ရလဒ် များ အကြောင်း

စနေနေ့  ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ အာဆင်နယ် ၊ မန်ယူ ၊ ချဲလ်ဆီး အသင်းတို့သည်

အဝေးကွင်း ကိုယ်စီ ၌

လက်စတာ ၀ – ၂ အာဆင်နယ်

စပါးစ် ၀ – ၃ မန်ယူ

နယူး ၀ – ၃ ချဲလ်ဆီး စတဲ့  အနိုင်ရလဒ်ဖြင့် အသီး သီး အနိုင်ရရှိခဲ့ပြီး

မန်စီးတီးအသင်းမှာတော့ အိမ်ကွင်းမှာ ပဲလေ့စ် အသင်းကို လက်ခံကစား ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ၀ – ၂ ရလဒ်ဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရပြီး လီဗာပူး အသင်းသည်လည်း အန်ဖီးကွင်း ၌ ဘရိုက်တန် အသင်းကို ၂ – ၂ သရေ ရလဒ်ဖြင့် သာ ပွဲ ပြီးဆူံးခဲ့သည်။

တခြားပွဲစဉ်အနေနဲ့ ဘန်လေအသင်းမှာ ဘရန့်ဖိုဒ် အသင်းကို ၃ – ၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး

ဝက်ဖို့ဒ် အသင်းသည် လည်း ဆောက်သမ်တန် အသင်းကို ၀ – ၁ ရလဒ် ဖြင့် အဆုံးသတ် ပွဲပြီး ဆုံးခဲ့သည်။

စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲစဉ် ရလဒ်များကတော့ အံအားသင့်ဖွယ်ရာ အချိုးအကွေ့များဖြင့် ပြီးဆုံးသွားခဲ့ပြီဘဲ ဖြစ်ပါတယ်။

Mtachweek 10 Premier League Results and Facts

Matchday 10 စနေနေ့ည ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်စနေနေ့ည ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်


လက်စတာ Vs အာဆင်နယ်

ပြိုင်ပွဲစုံ လေးပွဲဆက် အနိူင်ရ ယူနိုင်ရန်
ရည်ရွယ်ထားပြီး ဂျက်စတင် ၊ အယ်လ်ဘရိုင်တန်
အန်ဒီဒီ နှင့် မန်ဒီ စတဲ့ ကစားသမား များ မပါဝင်
ပေမယ့် လက်ရှိမှာ ကစားသမား အင်အားတောင့်တင်းပြီး ခြေစွမ်းကောင်း ပိုင်ဆိုင် ထားကာ
တိုက်စစ်မှူး ဒါကာ မှာ.. အသင်းနဲ့ တဖြည်းဖြည်း
အထိုင်ကျလာသလို ဗာဒီ အနေနဲ့ အာဆင်နယ်နဲ့
ဆုံတွေ့တိုင်း ဂိုးမြူးလေ့ ရှိပါတယ်။

အာဆင်နယ် အသင်းကလည်း နောက်ဆုံး ပွဲစဉ်တွေမှာ..ဆက်တိုက်အနိူင်ရယူထားပြီး
အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

အကြိတ်အနယ် ပွဲကြီး ပွဲကောင်းလည်းဖြစ်သလို
အဆိုပါ ပွဲစဉ် ကို ကိုင်တွယ်မယ့် ဒိုင်လူကြီးကတော့ ပယ်နယ်တီ လက်ဆောင်ပေးလေ့ပေးထရှိသည့် အိုလီဗာ လည်း ဖြစ်ပါတယ်။

နှစ်သင်းစလုံး ရဲ့ ဂိုးသွင်းအား က
ကောင်းမွန်ပြီး လက်စတာ တို့ အသာစီးရလိမ့်မယ်လို့ ထင်မိပါတယ်။

လက်စတာ ၂ – ၁ အာဆင်နယ် (ခန့်မှန်း)
ပျမ်းမျှ ဂိုးပေါင်း အရေအတွက် ( ၃လုံး) ခန့်မှန်း

ဘန်လေ Vs ဘရန့်ဖိုဒ်

ဘရန့်ဖိုဒ် ရဲ့ ရုန်အား ကို စောင့်ကြည့်ရမှာဖြစ်ပြီး
ဘန်လေအသင်းအနေနဲ့ကလည်း တန်းဆင်းဇုံ ကနေ ရုန်းထွက်နိူင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး
ထိန်းကစားရင်း သရေတမှတ် ခွဲယူသွားမယ်လို့
ထင်မြင်မိပါတယ်။

ဘန်လေ ၁ – ၁ ဘရန့်ဖိုဒ်

လီဗာပူး Vs ဘရိုက်တန်

မန်ယူ အသင်းကို ၅ ဂိုးပြတ် အနိူင်ယူထားတဲ့
လီဗာပူး တို့ရဲ့ စိတ်ဓါတ် ပိုင်းဆိုင်ရာက
အကောင်းဆုံး ပုံစံမှာ ရပ်တည်နေပါတယ်။
ဘရိုက်တန် အသင်းစီက အနိူင် သုံးမှတ် ရယူသွားနိူင်မှာ မလွဲဧကန် ပါ။

လီဗာပူး ၃ – ၁ ဘရိုက်တန် (ခန့်မှန်း)
ပျမ်းမျှဂိုးပေါင်း အရေအတွက် ခန့်မှန်း ( ၃ လုံး)

မန်စီးတီး Vs ပဲလေ့စ်

အိမ်ကွင်း ဖြစ်သည့် မန်စီးတီးအဖို့
အနိူင်သုံးမှတ် သေချာအောင် စောစောစီးစီး
ဂိုး သွင်း ယူ ထား မယ့် ပွဲ တပွဲ ဆို မမှားပါ
ပဲလေ့စ် အနေနဲ့ တိုက်စစ် ဖွင့်ကစားခဲ့မယ် ဆိုရင်
ဂိုး မြူး ပွဲတပွဲ လို့ လည်း ထင်မြင်မိပါတယ်။
မန်စီးတီး အနိုင်ပါ။

မန်းစီးတီး ၄ – ၁ ပဲလေ့စ် (ခန့်မှန်း)
ပျမ်းမျှ ဂိုးပေါင်းအရေအတွက် ခန့်မှန်း (၄ လုံး)

ဝက်စ်ဖို့ဒ် Vs ဆောက်သမ်တန်

နှစ်သင်းစလုံး အတွက် မျှတတဲ့ အဖြေ က
သရေ တမှတ် သာဖြစ်ပြီး ဂိုးမြူးမယ့် ပွဲ တပွဲလည်း ဖြစ်ပါတယ်။

ဝက်စ်ဖို့ဒ် ၂ – ၂ ဆောက်သမ်တန် (ခန့်မှန်း)
ပျမ်းမျှ ဂိုးပေါင်းအရေအတွက် ခန့်မှန်း ( ၃လုံး)

စပါးစ် Vs မန်ယူ

ရှုံးပွဲဆက်တိုက် နဲ့ ခြေစွမ်း ပျောက်ဆုံးနေတဲ့
မန်ယူအဖို့ ဒီပွဲစဉ် မှာ အကောင်းဆုံး ကျော်ဖြတ်
နိူင်ဖို့ လိုအပ်လာပြီ ဘဲ ဖြစ်ပါတယ်။
စပါးစ်အိမ် ကွင်း အနိမ့်ဆုံး သရေ တမှတ် ရရှိအောင် စွမ်းဆောင်နိူင်မှ တန်ကာ ​ကျ ပါလိမ့်မယ်
သရေကျ ဖို့ အလားအလာ များ နေပြီး
အနိူင် ဆိုရင်တော့ စပါးစ်အသင်းဘဲ ဖြစ်ပါလိမ့်မယ်။

စပါးစ် ၂ – ၁ မန်ယူ (ခန့်မှန်း
ပျမ်းမျှ ဂိုးပေါင်းအရေအတွက် ခန့်မှန်း (၃ လုံး)

တဖြည်းဖြည်း ခြေစွမ်းမှန်မှန် နဲ့ နိူင်ပွဲဆက် ကာ ရမ်သမ် မိလာတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းအဖို့ ရာသီအစ
ကံဆိုးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ နိူင်ပွဲ ဆက်ပြီး
ကာရာဘောင်းကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း
၂ -၀ ရလဒ်ဖြင့် လိဒ် ယူနိုက်တတ်အသင်းကို
အနိူင်ရယူနိူင်ခဲ့ပြီး နောက်တဆင့်တတ်လှမ်း သွားနိူင်ခဲ့ပြီ ဘဲ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ် ၌ ချိန်ဘာ ၊ အန်ကီးတီးယား တို့မှ
ဂိုးသွင်းယူခဲ့ပြီး ဂိုးသမား လီနိူ မှာ လက်စွမ်းပြ
နိူင်ခဲ့သလို MOTM အနေနဲ့ ကစားသမား
အန်ကီးတီးယားမှ ရရှိခဲ့ပါတယ်။

ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေခဲ့ရတဲ့
နည်းပြ အာတီတာအနေနဲ့ ခုလို နိူင်ပွဲများ ပြန်လည် ရှာတွေ့နိူင်ခဲ့မှုကြောင့်
စိတ်သက်သာ ရာ ရခဲ့ပြီဘဲဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်အသင်းသည်
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည် မှုမှာ
၁၄ မှတ် ရရှိထားပြီး အဆင့် ၁၀ တွင် ရပ်တည်နေလျက်ရှိနေသည်။

အာဆင်နယ်

ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် နောက်တဆင့် တတ်လှမ်းနိူင်ခဲ့တဲ့ ချဲလ်ဆီး

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာတုန်းက ချဲလ်ဆီး အသင်းသည် နောဝှစ်အသင်းအား ၇ ဂိုး ပြတ်ဖြင့် အနိူင်ရရှိခဲ့ပြီး ကြားရက် ကာရာဘောင်း ကွားတားဖိုင်နယ် ပွဲစဉ် မှာတော့ ဆောက်သမ်တန်အသင်းအား ၁ – ၁ သရေကျခဲ့ပြီး ပယ်နယ်တီ အဆုံး အဖြတ် ဖြင့် နောက်တဆင့် တတ်လှမ်းသွားခဲ့ပြီ
ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းမှာ ဒီရာသီ လူအင်အားတောင့်တင်းခြင်းနဲ့ ခြေစွမ်းပြသ နိူင်ခြင်းကြောင့်
ဆုဖလား တွေ ဆွတ်ခူး ဖို့ရာ ရေပန်းစားနေတဲ့
အသင်းတွေထဲက တသင်းအနေနဲ့ ရေပန်းစားနေလျက်ရှိပါတယ်။

ချဲလ်ဆီး

အ မှောင် မိုက် ဆုံး နေ့ရက် ဖြစ်ခဲ့ရတဲ့ နည်းပြဆိုးရှား

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ.. မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ၅ ဂိုးပြတ်ဖြင့် မန်ယူအသင်း ရှုံးနိမ့်သွားခဲ့သည်။ အဆိုပါ ရှုံးနိမ့်မှုကြောင့် နည်းပြ ဆိုးရှား သည် ဖိအားများစွာ ရှိနေခဲ့ပြီး ပရိတ်သတ်များရဲ့ ‌ဝေဖန်ခံရမှု ကြုံတွေ့နေခဲ့ရသည်။

အိုးထရက်စ်ဖို့ အိမ်ကွင်း လည်း ဖြစ်သလို အခုလို ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် မန်ယူအသင်း နည်းပြ အနေနဲ့ တဂယ့်ကို အမှောင်မိုက်ဆုံး နေ့ရက် ဖြစ်ခဲ့ရပြီး နောက်ပွဲစဉ် တွေမှာ သတိထားကိုင်တွယ်သွားရတော့မှာဘဲ ဖြစ်ပါတယ်။

လာမယ့် ယှဉ်ပြိုင်ကစားရမည့် နောက် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကတော့ စပါးစ်အသင်းနဲ့ မန်စီးတီး အသင်းတို့ ဖြစ်ကြပြီး ချန်ပီယံလိဒ် ပွဲစဉ်အနေဖြင့် အတ္တန္တာ အသင်း နဲ့ ယှဉ်ပြိုင်ကစားရမှာဘဲ ဖြစ်ပါတယ်။မန်ယူအသင်းအတွက် ပွဲကျပ်ကာလဖြစ်သလို နည်းပြဆိုးရှားအတွက် ခက်ခဲတဲ့ ပုစ္ဆာ တစ်ပုဒ် လည်း ဖြစ်စေခဲ့ပါတယ်။

ဝေဖန် ခံရမှုစွာ နဲ့ နည်းပြ ရာထူး ထိုင်ခုံ ဆက်လက်တည်မြဲ ဖို့ အတွက် အကောင်းဆုံး ကိုင်တွယ်ဖို့ လိုအပ်လာပြီဘဲ ဖြစ်ပါတယ်။ဒါကြောင့် ရလဒ်ဆိုးတွေ အဆုံးသတ်သွားနိူင်မလား အမှောင်မိုက်ဆုံးနေ့ရက် တဂယ်ဖြစ်လာတော့မှာလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့် ရမှာဘဲ ဖြစ်ပါတယ်။

မန်ယူ နည်းပြ ဆိုးရှား